အိပ်မက်တစ်ခု
ဖွင့်ပြီး သူဝင်လာတယ်။
အထဲမှာ သူ
`အန်ညော်ဟာဆယ်ယိုး´လို့
ရို့ရို့ကျိုးကျိုး နှုတ်ဆက်တယ်၊
၁၈ ဆိုတဲ့ စကားလုံးကို ၀တ်ဆင်လို့
ယန္တရားတွေနဲ့ သူ နပမ်းလုံးတယ်၊
နေ့နဲ့ညတွေကို
ငွေကြေးနဲ့ အရည်ဖျော်ပြီး မော့သောက်တယ်၊
သံဆူးကြိုးတွေကြားက အမေ့ကို မေ့လို့
သူ့ ဒုက္ခတွေကို
Made In Korea အမှတ်တံဆိပ်နဲ့ ထုတ်လုပ်တယ်၊
ညရောက်တဲ့အခါ
အမှောင်တွေထဲ တိုးဝင်ပြီး
မိသားစုအလွမ်းတွေကို စောင်လိုခြုံအိပ်တယ်။
ဒီလိုနဲ့…၊ ၃ နှစ်အကြာ
ဒဏ်ရာတွေနဲ့ နှလုံးသားတစ်ခုကို ပိုက်ပြီး
နာကျဉ်စွာ သူထွက်သွားတယ်။
ကမ္ဘာမြေကတော့
ဒီမြင်ကွင်းကို ငေးကြည့်ပြီး
တိတ်တဆိတ် ငိုကြွေးနေလေရဲ့။ ။
၁၈ = ကိုရီးယားလူမျိုးများ ဆဲရေးသောစကား၏ အသံထွက်
1 comment:
ဟုတ်တယ်နော်။ ကဗျာရေးသူရဲ့ ခံစားချက်ကို ခံစားမိတယ်။ ၁၈ တော့ အဆဲမခံရပေမယ့် နေရတာ ကျဉ်းကျပ်လွန်းလို့ ကိုးရီးယား မြေကိုတော့ နောက်တစ်ခေါက် ဘယ်တော့မှ မလာတော့ဘူး လို့တောင် စိတ်ကူးမိတဲ့ အထိ ဖြစ်ရပါတယ်။
Post a Comment