ကိုဝိုင်း(မိုးညှင်း)
ဧပြီ ၁၈ ၊ ဆောအူးလ်မြို့။
တောင်ကိုရီးယားအစိုးရသည် ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေပြင်ဆင်ချက်ကို ထုတ်ပြန်ကြေငြာလိုက်ရာ ၊ ပြင်ဆင်ချက်အချို့မှာ အောက်ပါအတိုင်းဖြစ်ကြောင်းသိရသည်-
-ကိုရီးယားနိုင်ငံသို့ဝင်ရောက်လာသည့်နိုင်ငံခြားသားမှန်သမျှတို့သည် လက်ဗွေနှင့်မျက်နှာပုံတို့ကို မှတ်တမ်းတင် ရိုက်ယူခြင်းခံရမည် ။
-လူဝင်မှုကြီးကြပ်ရေးဥပဒေဖောက်ဖျက်သူ အသက်၁၇နှစ်အထက် နိုင်ငံခြားသားများအားလုံး လက်ဗွေနှင့် မျက်နှာပုံ မှတ်တမ်းတင် ရိုက်ယူခြင်းခံရမည် ။
- ကိုရီးယားတွင် ကာလရှည်စွာနေထိုင်ခွင့်ရရှိစေရန်အလို့ဌာ ၊ ဒုက္ခသည်အဖြစ် မမှန်မကန် လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိလျင် ၊ နေထိုင်ခွင့်ကို ဖျက်သိမ်းခွင့်ရှိမည် ။
- ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်သည့် နိုင်ငံခြားသားများအား ၊ အကြံအဖန်လက်ထပ်ခြင်း ၊ လူမှောင်ခိုခြင်းကိစ္စ စသည်တို့နှင့် ပတ်သက်ခြင်းရှိမရှိ စုံစမ်းမြေးမြန်းခွင့်ရှိစေမည်။
- တရားမဝင်နေထိုင်သူများအား ဖမ်းဆီးနှိမ်နှင်းရာတွင် ၊ တရားမဝင်နေထိုင်သူအဖြစ် သင်္ကာမကင်းပါက ၊ ကြိုတင်အသိပေးရန်မလိုပဲ ရုတ်တရက် ချုပ်နှောင်ဖမ်းဆီးနိုင်ခြင်း နှင့် လိုအပ်ပါက အင်အားသုံးခွင့်ရှိသည် ။
အဆိုပါ ဥပဒေပြင်ဆင်ချက်များသည် ၊ ၂၀၀၉ခုနှစ် ဧပြီလ၁ရက် တွင် အတည်ဖြစ်ခဲ့သည်ဟုဆိုသည် ။
ကိုရီးယားလူ့အခွင့်အရေးသမားများက အဆိုပါပြဋ္ဌာန်းချက်များသည် ၊ လူ့အခွင့်အရေးဖောက်ဖျက်မှုများ ၊ လူ့အဆင့်အတန်း ခွဲခြားမှုများ နှင့် လူသားဂုဏ်ရည်ကို ထိပါးရာရောက်နေသည့် ပြဋ္ဌာန်းချက်များ ဖြစ်နေသဖြင့် အဆိုပါပြဋ္ဌာန်းချက်များ ပြန်လည်ရုတ်သိမ်းရေး ဆက်လက် တိုက်ပွဲဝင်သွားရန် လိုအပ်ကြောင်း အာရှ အလုပ်သမား သတင်းစဉ်(AWN) အရ သိရသည် ။
ရည်ညွှန်းချက်
Asian Workers News (Number:258)
Saturday, April 18, 2009
ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဥပဒေပြင်ဆင်ချက်
Labels:
သတင်းဖတ်စာ,
ဥပဒေနှင့်စည်းကမ်း,
ကြေညာချက်,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment