Wednesday, May 6, 2009

အာရှသဟာယပွဲတော်-၂၀၀၉ (아시아는친구-2009)ကျင်းပမည့်သတင်း

ကိုဝိုင်း(မိုးညှင်း)
မေ ၆ ၊ ဆောအူးလ် ။

ကိုရီးယား ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်သော (전등사)က ၊ ကိုရီးယားနိုင်ငံရောက် အာရှအလုပ်သမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ၊ ကိုရီးယားယဉ်ကျေးမှုနှင့် ကိုရီးယားလူမှုဘဝကိုနားလည်မှုရှိလာစေရန် ရည်ရွယ်လျက် ၊ အာရှသဟာယပွဲတော်-၂၀၀၉(아시아는친구-2009)ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်-
ရက်စွဲ ။ ၂၀၀၉ ခုနှစ် မေလ ၁၇ ရက်(တနင်္ဂနွေနေ့)
အချိန်။ နံနက် ၁၀း၃၀ နာရီမှ ညနေ၃း၀၀နာရီထိ ။
နေရာ ။ေ၈ျာန်ဒွန့်ဆာ(전등사) အင်ချောန်မြို့တော် ။

ပွဲတော်တွင် ယခင်နှစ်များကဲ့သို့ပင် ၊ အောက်ပါအစီအစဉ်များ ပါရှိမည်ဟုဆိုသည်-
- အရုပ် ၊ ကြယ်သီး ၊ စက္ကူခွက် ၊ ကြာပန်းမီးအိမ် ပြုလုပ်ခြင်း ။
- နေ့လည်စာ သုံးဆောင်ခြင်း (ဘူဖေးစနစ်ဖြင့်) ။
- ဖျော်ဖြေရေးအစီအစဉ် (နိုင်ငံအလိုက်ဖျော်ဖြေရေးနှင့် ကိုရီးယားသီချင်းဆိုပြိုင်ပွဲ) ။
- အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝေငှခြင်း အစီအစဉ် ။
- အခမဲ့ဆေးဝါးကုသပေးမှုအစီအစဉ် ။

ကိုရီးယားနိုင်ငံရောက်မြန်မာများ အနေဖြင့် ၊ ပွဲတော်ဖျော်ဖြေရေးအစီအစဉ်တွင် မိမိတို့ နှစ်သက်ရာ မြန်မာအဆို အကတို့ဖြင့် ပါဝင်သီဆိုဖျော်ဖြေနိုင်ကြောင်းနှင့် ၊ ကိုရီးယားသီချင်းဆိုပြိုင်ပွဲ အစီအစဉ်တွင်လည်း ၊ မိမိတို့နှစ်သက်ရာ ကိုရီးယား သီချင်းကိုသီဆိုပြိုင်ဆိုင်နိုင်ကြောင်း ၊ သို့ရာတွင် မိမိတို့ သီဆိုမည့်ကိုရီးယားသီချင်းအမည်ကိုပွဲတော်မတိုင်မှီ ကြိုတင် စာရင်းပေးကြဖို့ လိုအပ်မည်ဖြစ်ကြောင်း ၊ ပွဲတော်သို့ မြန်မာများနှင့်အတူ ဗီယက်နမ် ၊ နီပေါလ် ၊ မွန်ဂို ၊ သီရိလင်္ကာ စသည့် အာရှမိတ်ဆွေများလည်း ပါဝင်ဆင်နွဲကြမည်ဖြစ်ကြောင်း ၊ ပါဝင်တက်ရောက်မည့် မြန်မာများအနေဖြင့် မြန်မာအသင်း(ကိုရီးယား) သို့မဟုတ် ဓမ္မဓူတအသင်း(ကိုရီးယား)သို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည် ။

ပွဲတော်သို့လိုက်ပါမည့်သူများအတွက် ကြိုပို့ကားများ စေလွတ်ပေးမည်ဖြစ်ရာ ၊ မိမိတို့ စီးနင်းလိုသည့်အစီအစဉ် (ဘူချောန်းဘူတာ ၊ ဘူဖြောင်းဘူတာ တွင်စီးမည် စသည်)ကို ကြိုတင်အသိပေးကြဖို့ လိုအပ်မည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာက နှိုးဆော်ထားသည် ။

***မူလသတင်းစဉ်(ကိုရီးယား)ကို ဤနေရာတွင်လည်းကြည့်ရှုနိုင်ပါသည် ( ကလစ် )

No comments: