ကိုဝိုင်း(မိုးညှင်း)
မေ ၂ ရက် ၊ ဆောအူးလ်မြို့ ။
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား)၏ ဦးဆောင်စီစဉ်မှုဖြင့် ၊ မနက်ဖြန် မေလ ၃ ရက် (တနင်္ဂနွေနေ့)တွင် ၊ ကယောင်းဂီပြည်နယ် ယုန်အင်း ဒေသရှိ ကိုရီးယား စံပြရိုးရာ ရွာသာယာ (한국민속촌) သို့ နွေဦးရာသီအပမ်းဖြေ ဒေသန္တရ နှင့် ကိုရီးယား ယဉ်ကျေးမှု လေ့လာရေး ခရီးစဉ် အဖြစ် သွားရောက်ကြမည်ဖြစ်ရာ ၊ အဆိုပါ အစီအစဉ်တွင် လိုက်ပါကြရန် အမည်စာရင်းတင်သွင်းထားကြသူများသည် ၊ နံနက် ၈း၃၀ (မနက်ရှစ်နာရီခွဲ) အရောက် ဓမ္မဒူတကျောင်း(ကိုရီးယား)သို့ ကြွရောက်တော်မူကြပါရန် နှိုးဆော်ထားကြောင်း သိရသည် ။
ကိုရီးယားစံပြရိုးရာရွာသာယာ ၊ နမူနာရှုကွင်းရှုကွက်များကို အောက်ပါအင်တာနက်လိပ်စာတွင် ၊ ကြိုတင်လေ့လာ ကြည့်ရှုနိုင်ကြောင်းသိရသည်-
ကိုရီးယားရိုးရာရွာသာယာ(ကလစ်)
Saturday, May 2, 2009
ဓမ္မဒူတ(ကိုရီးယား) နွေဦးရာသီ အပမ်းဖြေနှင့် လေ့လာရေးခရီးလိုက်ပါမည့်သူများသို့…….
Labels:
ကိုရီးယားယဉ်ကျေးမှု,
လူမှုရေး,
ကြေညာချက်,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment