Saturday, May 2, 2009

ဆိုလ်းမြို့တော်တစ်ခွင် အခမဲ့ လေ့လာရေးခရီးစဉ်

ကိုရီးယား နိုင်ငံရှိ ဗုဒ္ဓဘာသာ ဂျိုကေး ကျောင်းတော်မှ(IDIA)အဖွဲ့၏ နိုင်ငံခြားသား အလုပ်သမားများအတွက် ၂၀၀၉ ခုနှစ် လေ့လာရေး ခရီးစဉ် အဖြစ် ဆိုလ်းမြို့တော် တစ်ခွင်လှည့်လည် ပြသပေးမည်ဖြစ်ပါသည်။ ဤ အခမဲ့ လေ့လာရေး ခရီးစဉ် ကို ဇွန်လ ၁၄ ရက်နေ့တွင် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
အဆိုပါခရီးစဉ် တွင် လိုက်ပါလိုသည့် မြန်မာ ညီအစ်ကို မောင်နှမ များ အနေဖြင့် မေလ ၁၇ ရက်နေ့ နောက်ဆုံး ထား၍ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် သို့ စာရင်းပေးသွင်း နိုင်ပါကြောင်း အသိပေး အပ်ပါသည်။ ယခု ခရီးစဉ် တွင် အခြား နိုင်ငံခြားသားများ ရော အပါအ၀င် လူ၉၀ သတ်မှတ်ထားပါသဖြင့် ကျေးဇူး ပြု၍ အမြန်ဆုံး စာရင်းပေးသွင်းပေးကြပါရန် ထပ်မံ အသိပေး ပန်ကြားအပ်ပါသည်။ စာရင်း ပေးသွင်းရာတွင် အမည် ၊ နေထိုင်သည့် မြို့တော် ၊ ဖုံး နံပါတ် အစရှိသည် တို့ လိုအပ်ပါသည်။ အသေးစိတ် သိလိုသူများ ကျောင်းတော်သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန် ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ၀၃၂ - ၅၁၁ ၂၈၄၁
လည်ပတ်မည့်နေ့ရက် ၊ ၊(၁၄.၆.၂၀၀၉)တနင်္ဂနွေနေ့ မနက်၈နာရီမှညနေ၅နာရီခွဲအထိ
(မနက်၇နာရီခွဲ သာသနာပြုကျောင်းတော် အရောက်)
လည်ပတ်မည့် နေရာများ၊ ။changgyeonggung,Seoul national Science ,Unhyungung,korean traditional temple
( အခမဲ့ အကျွှေးအမွေးအစီအစဉ်နှင့်အမှတ်တရ လက်ဆောင်ပစ္စည်းပေးမည်ဖြစ်ပါသည်။

No comments: