Wednesday, September 9, 2009

“ ရွှေ့ပြောင်းလုပ်သားများ အာမခံငွေများ ထုတ်ယူကြပါ” တဲ့...

အခုတလော အင်တာနက်ထဲ ဟိုသွားဖတ်လိုက်၊ ဒီသွားဖတ်လိုက်နဲ့ လျှောက်ဖတ်ရင်းက အင်တာနက်စာမျက်နှာမှာ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်ဗျာ။ အဲဒါ ခင်ဗျားတို့လည်း ဖတ်စေချင်တာနဲ့ အတူဖတ်ကြရအောင်ဗျာ။ တတ်သလောက်၊ မှတ်သလောက်လေးနဲ့ မှန်းသမ်း ဖတ်ကြည့်ရအောင်ဗျာ။ ပိုက် ပိုက် ရမယ်အကြောင်းဆိုတော့လည်း စိတ်ဝင်စားတယ်ဗျ။ ဒါပေမယ့် ဘယ်လိုလုပ်ရမှန်း မသိလို့ နီးစပ်ရာမေးကြည့်ပြီးတော့ လက်တို့ပေးကြဦးနော်။ ကျုပ်တို့နဲ့ ဆိုင်လား၊ မဆိုင်လားတော့ မသိဘူးဗျ။ ဒီလို ရေးထားတယ်… … ။

이주노동자들이 귀국할 때 찾아가지 않은 보험금을 찾아가도록 한국산업인력공단이 적극 홍보에 나서고 있다.

ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ထွက်ခွာသောအခါ ထုတ်ယူသွားခြင်းမပြုသော အာမခံငွေများကို ထုတ်ယူကြဖို့ ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဌာန၊ ပြည်သူ့သတင်းဝန်ဆောင်မှုစောင့်ရှောက်ရေးဌာန(적극 홍보)မှာ ထွက်ပေါ်လာပါတယ်ဆိုပါလားဗျ။


한국산업인력공단에 따르면 지난 20일 현재 출국한 이주노동자가 청구하지 않아 지급하지 못한 보험금은 모두 2,386건, 액수로는 14억2,000만원에 이른다.

ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဌာန အနေနဲ့လည်း လွန်ခဲ့သော ရက်ပေါင်း ၂၀၊ လက်ရှိ ကိုရီးယားမှ ပြန်လည်ထွက်ခွာခဲ့ကြသော ရွှေ့ပြောင်းလုပ်သားများ တောင်းခံခြင်းမပြုနိုင်ခဲ့တဲ့ အာမခံငွေဟာ စုစုပေါင်း ၂၃၈၆ မှု၊ ပမာဏအားဖြင့် ၀မ် သန်းပေါင်း ၁၄၂၀ အထိ ရောက်ရှိလာနေတယ်တဲ့ဗျာ။ အဲဒီ ပိုက်ဆံအားလုံးပေါင်းကို အမှုစုစုပေါင်းနဲ့ စားကြည့်လိုက်တော့ သိန်း ၆၀ နီးပါးရှိတယ်ဗျ။ မနည်းဘူးနော…။ အဲလောက်များရင် ကျုပ်တို့နဲ့တော့ မဆိုင်လောက်ဘူး ထင်ပါရဲ့။

이주노동자는 기업이 퇴직금 부담을 덜도록 매달 월급의 8.3%를 내는 출국만기보험, 귀국비용을 충당하기 위해 출신 국가별로 40만∼60만원씩을 단번에 내는 귀국비용보험, 체불 임금을 보증하는 보증보험과 상해보험 등 4종의 보험에 의무 가입해야 한다.

ရွှေ့ပြောင်းလုပ်သားများဟာ စက်မှုလုပ်ငန်း ပင်စင်ငွေကို ဖြတ်တောက်ဖို့ လစဉ် လစာ၏ ၈.၃% ကို ပေးဆောင်နေရသော ပြည်ထွက်အာမခံငွေ(출국만기보험)၊ အပြန်ခရီးစဉ်အသုံးစားရိတ်ငွေ(귀국비용) လျှောက်ထားနိုင်ရန်အတွက် မိခင်နိုင်ငံငွေကြေးယူနစ်အားဖြင့် ၀မ်ငွေ ၄သိန်း~၆သိန်းစီကို တစ်ကြိမ်တည်း ပေးဆောင်ရသော အပြန်ခရီးစဉ်အသုံးစားရိတ်ငွေ၊ လစာကြွေးကျန်များကို အာမခံထားတဲ့ အာမခံငွေနဲ့ ထိခိုက်မှုအာမခံ စသည့် အာမခံ ၄ မျိုးအား မဖြစ်မနေ ပေးဆောင်ကြရပါတယ်။ ဘာအာမခံတွေ ထားခဲ့ရမှန်းတောင် မသိပါဘူးဗျာ။ သူပြောတာတော့ အာမခံ ၄ မျိုး မဖြစ်မနေ ထားရတယ်ဆိုပါလား။ မိခင်နိုင်ငံငွေကြေးယူနစ်အားဖြင့် ၀မ်ငွေ ၄သိန်း~၆သိန်းစီကို တစ်ကြိမ်တည်း ပေးခဲ့ရတယ်ဆိုတော့ ကျုပ်တို့ မပေးခဲ့ရသလိုပဲ။ ကျုပ်တို့ မသိအောင်ပဲ နားလှည့်ပါးရိုက်ပြီး ပေးခိုင်းခဲ့သလားတော့ မပြောတတ်ပါဘူးဗျာ။

미지급 보험금은 작년 5월 2,631건(23억7,600만원)으로 가장 많았으나 한국산업인력공단의 홍보 등으로 현재 미지급 건수는 전체의 0.97%로 크게 떨어졌다.

လစာကြွေးကျန်အာမခံကတော့ ပြီးခဲ့တဲ့နှစ် ၅လပိုင်းမှာ ၂၆၃၁ မှု( ၀မ် သန်းပေါင်း ၂၃၇၆) သို့ အများဆုံးမြင့်တက်လာခဲ့တာကြောင့် ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ရဲ့ ကြေငြာလွှာတွင် ကြေငြာခြင်း စသည်ဖြင့် လက်ရှိမှာ လစာကြွေးကျန်အမှုအရေအတွက်မှာ စုစုပေါင်း၏ ၀.၉၇% သို့ အကြီးအကျယ် ထိုးကျသွားခဲ့ပါတယ်။ လစာမရလို့လည်း စိတ်ပူစရာမလိုဘူးဗျ။ ဟေ… ဟေ့… ။ လစာမရတဲ့သူတွေရဲ့ အမှုတွေများလာလို့ ကိုရီးယားHRDက ကြေငြာပေးတော့မှ ပိုက်ပိုက် လာထုတ်ကြလို့ အမှုအရေအတွက် ထိုးကျသွားတယ်ဆိုပဲ။ ပိုက်ပိုက် ရစရာရှိရင် ကိုရီးယားHRDဆိုတဲ့ နေရာမှာ သွားစုံစမ်းကြည့်ကြဦးဗျ။ မရတော့လည်း အရင်းပေါ့ဗျာ။ ဟား…ဟား…။

그러나 이주노동자의 출신국 경제 상황을 고려할 때 미지급 보험금액은 상당히 큰 액수라는 게 한국산업인력공단의 설명이다.

သို့သော်လည်း ရွှေ့ပြောင်းလုပ်သားများရဲ့ မိခင်နိုင်ငံ စီးပွားရေးအခြေအနေကို ဆုံးဖြတ်တဲ့အခါ လစာကြွေးကျန် အာမခံငွေပမာဏဟာ အတော်များပြားတယ်ဆိုတဲ့ ပမာဏဟာ ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ ဖော်ပြချက်ပဲ ဖြစ်ပါတယ်။ လစာမရလို့ တိုင်တောင်းတာကိုတောင်မှပဲ မိခင်နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ကြည့်သေးတယ်ဆိုတော့ ကျုပ်တို့လို အနှိမ်ခံနိုင်ငံလေးကတော့ ဒုက္ခပါပဲဗျာ။ ဘာဆက်လာဦးမလဲ မသိဘူး။ ဒို့အရေးများ လုပ်ခိုင်းလေဦးမလားပဲ။ ပိုက်ပိုက်လေးရဖို့အရေး မလွယ်ပါလားနော်။

한국산업인력공단은 13개 인력 송출 국가의 언어로 된 안내문을 해당 국가 대사관과 현지 한국 대사관, 비정부 단체 등에 제공해 게시하도록 하는 한편 송크란 축제와 알룻아우르트 축제 등 국내에서 열리는 국가별 축제를 통해 보험금을 찾도록 적극 홍보한다고 밝혔다.

ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဌာနဟာ နိုင်ငံခြားသားလုပ်သားတင်သွင်းသူအေဂျင်စီ ၁၃ခု၏ သက်ဆိုင်ရာနိုင်ငံ ဘာသာစကားဖြင့် ဖော်ပြထားသော အကြောင်းကြားစာကို သက်ဆိုင်သောအချက်အလက်များဖြင့် သက်ဆိုင်ရာနိုင်ငံသံရုံးနဲ့ မိမိတို့နိုင်ငံရှိ ကိုရီးယားသံရုံး၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGO)တို့မှာ ဆက်သွယ် အသိပေးနိုင်ရန်နှင့် တစ်ဆက်တည်း ပြည်တွင်း၌ ဖွင့်လှစ်သော ပြည်တွင်း ရိုးရာအထူးပွဲတော်ရက်များမှာ အာမခံငွေကို ထုတ်ယူနိုင်စေရန် ပြည်သူ့သတင်းဝန်ဆောင်မှုဌာနသို့ အသိပေးခဲ့ပါတယ်တဲ့ဗျ။ ဒါပေမယ့် 송크란 축제 နဲ့ 알룻아우르트 축제 ဆိုတာကတော့ ထိုင်းရိုးရာပွဲတော်နဲ့ သီရိလင်္ကာရိုးရာပွဲတော်ပဲဗျ။ ဒါပေမယ့် အာမခံဌာနက ထုတ်ယူစရာရှိတဲ့ ငွေတွေကို ထုတ်ယူနိုင်ဖို့ အကျိုးဆောင်အေဂျင်စီနဲ့ သံရုံးတို့၊ NGO အဖွဲ့တွေကို အကြောင်းကြားတယ်ဆိုပဲ။ NGOဆိုတာက ဘယ်လို NGOအဖွဲ့မျိုးကို ပြောတာလဲ မသိဘူးနော်။ ဟုတ် ဟုတ် မဟုတ်ဟုတ်ဗျာ။ ကိုယ့်သူငယ်ချင်း အသိမိတ်ဆွေတွေထဲမှာ ထိခိုက်ထားတဲ့သူမျိုးဖြစ်ဖြစ်၊ တခြား ရစရာရှိနေတဲ့ သူမျိုးတွေ ရှိနေရင် လက်တို့လိုက်ကြဗျာ… …။ နီးစပ်ရာကိုလည်း နည်းနည်း စုံစမ်းကြည့်ကြဦး။ ဘာတွေ ရစရာရှိလဲဆိုတာကိုလည်း ပြောဦးနော်။ သတင်းက မကြာသေးဘူးဗျ။ ၈ လပိုင်း ၂၅ ရက်နေ့က ကိုရီးယားလူ့စွမ်းအားအရင်အမြစ်ဌာနက သတင်းထုတ်ပြန်တာတဲ့ဗျ။ သတင်းခေါင်းစဉ်က “ ရွှေ့ပြောင်းလုပ်သားများ အာမခံငွေများ ထုတ်ယူကြပါ” တဲ့ဗျား … … ။ မူရင်း သတင်းဖတ်ချင်ရင် ဒီနေရာကို ကလစ်ပါ။ နောက်ထပ် စာသားလေး အနည်းငယ်လွဲပေမယ့် သတင်း အတူတူက ဟောဒီမှာလည်း ရှိတယ်ဗျာ။ ပိုက် ပိုက် ရရင် လက်တို့ပေးဦးနော် … … ။

1 comment:

win latt said...

မျှဝေရန် ယူသွားပါတယ်။