Sunday, July 18, 2010

ဓမ္မဒူတ (ကိုရီးယား) ဘူဆန် ဟဲအွန်ဒယ်သို့ နွေရာသီ အပန်းဖြေခရီးထွက်မည်

ဇူလိုင် ၁၃ ၊ ဆောအူးလ်မြို့ ။

လာမည့် ဇူလိုင် ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့များတွင် ၊ ဓမ္မဒူတ ဗုဒ္ဓသာအသင်း (ကိုရီးယား) က ကမကထပြုပြီး၊ ကမ္ဘာကျော် ဘူဆန်မြို့ ဟဲအွန်ဒယ် ပင်လယ်ကမ်းခြေ (해운대해수욕장) သို့ နွေရာသီ အပန်းဖြေခရီးထွက်မည်ဖြစ်ကြောင်း သိရသည် ။

လိုက်ပါလိုသူများ တစ်ဦးလျင် ခရီးစရိတ် (သွား / ပြန် ယာဉ်စရိတ်) ဝမ် ၅သောင်း နှုန်း သတ်မှတ်ထားကြောင်း ၊ အောက်ပါပုဂ္ဂိုလ်များထံ ယာဉ်နေရာများ ကြိုတင်မှာကြား ရယူနိုင်ပြီဖြစ်ကြောင်း သိရသည် -
- 011-9360-1792
- 010-4626-7571
- 010-2331-2457
ဇူလိုင် ၃၁ ရက်ည ၁၀ နာရီ တိတိတွင် ၊ ဘူဖြောင်းမြို့ ဓမ္မဒူတ စင်တာမှ ကားများစတင် ထွက်ခွါမည်ဖြစ်ပြီး ၊ သြဂုတ်လ ၁ ရက်နေ့ နံနက် ၆ နာရီ ဘူဆန် ဟယ်အွန်ဒယ်ကမ်းခြေသို့ ဆိုက်ရောက်ရန် စီစဉ်ထားကြောင်း ၊ ဘူဆန်မြို့တွင် တစ်နေကုန် အနားယူ အပမ်းဖြေ ကြပြီးနောက် သြဂုတ်လ ၁ရက်နေ့ ည ၁၀ နာရီတွင် ကမ်းခြေမှ ပြန်လည် ထွက်ခွါမည် ဖြစ်ကြောင်း ၊ ဓမ္မဒူတ (ကိုရီးယား)သို့ သြဂုတ်လ ၂ရက်နေ့ နံနက် အရုဏ်တက်ချိန်တွင် ပြန်လည် ရောက်ရှိ မည်ဖြစ်ကြောင်း ၊ မရောက်ဖူးသေးသူများအနေဖြင့် ဘူဆန်မြို့ ပင်လယ်ရေအောက်ငါးပြတိုက် သမိုင်းဝင် APEC-2005 အစည်းအဝေး ပြခန်းဘူဆန်ကုန်သွယ်ရေးဆင်တာပြခန်း (BEXCO) စသည်နေရာများသို့ လည်ပတ်ခွင့် ရကြမည်ဖြစ်ကြောင်း ၊ ယခင်နှစ် များမှ အတွေ့အကြုံများ အရ ယာဉ်ကြော ပိတ်ဆို့ခြင်းကြောင့် အားလပ်ချိန်များ အလဟဿ ဖြစ်ကုန်သည့်ပြဿနာ ၊ ပိတ်ရက်ကာလ တည်းခိုရန် နေရာ အခက်အခဲပြဿနာ စသည်တို့ မရှိစေရန် ညပိုင်းတွင် ခရီးထွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည် ။

ထပ်မံသိလိုသည်များကို လက်မှတ်အရောင်းဌာနများ (အထက်ဖော်ပြပါဖုန်းနံပါတ်များ) တွင် မေးမြန်းနိုင်ကြောင်းနှင့် အသေးစိတ်အစီအစဉ်ကို ထပ်မံကြေငြာမည်ဖြစ်ကြောင်းသိရသည် ။

No comments: