Saturday, July 17, 2010

နွေရာသီ အပန်းဖြေခရီး ထွက်မယ်


မြန်မာအသင်း(ကိုးရီးယား)၏ နွေရာသီ အပန်းဖြေခရီးစဉ်အဖြစ် ဂါဝန်ဒို ဂယောင်ဖိုထက် ကမ်းခြေ(강원도 경포대) သို့ ၃၁.၇.၂၀၁၀ မှ ၁.၈.၂၀၁၀ အထိ တညအိပ် နှစ်ရက်ခရီး ထွက်ခွာရန် စီစဉ်ထားပါသည်။ ၃၁.၇.၂၀၁၀ တွင် ပူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်မှ မနက် ၈ နာရီ စတင် ထွက်ခွာမည်ဖြစ်ပြီး၊ အသွားခရီးတွင် ဆောလတ်တောင်(설악산) သို့ ခေတ္တ ၀င်ရောက်လေ့လာမည် ဖြစ်သည်။ ခရီးစရိတ် တယောက်လျှင် ၈ သောင်းဖြင့် နေစရိတ် စားစရိတ် အပြီးအငြိမ်း တာဝန်ယူမည် ဖြစ်ပါသည်။ အရေအတွက် ကန့်သတ်ထားပါသဖြင့် လိုက်ပါလိုသူများ ဇူလိုင် ၂၅ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါကြောင်း...

ဆက်သွယ်ရန်
ဦးခင်မောင်ရင် ... ၀၁၁ ၉၃၈၆ ၇၁၅၃
ဦးသန့်ဇင်အောင် ... ၀၁၀ ၉၀၅၄ ၄၇၂၇
ဦးဝင်းမြင့်ဦး ... ၀၁၁ ၂၉၂ ၉၅၄၂
ဦးပြည့်ဖြိုးအောင် ... ၀၁၀ ၃၉၃၆ ၉၉၇၆


No comments: