Saturday, July 17, 2010

ဓမ္မဒူတ(ကိုရီးယား) ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပမည်

ဇွန် ၂၃ ၊ ဆောအူးလ်မြို့။
ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား) (Dhammaduta Buddhist Association in Korea) အနေဖြင့် ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာမြန်မာ ညီအစ်ကိုမောင်နှမများနှင့်အတူ၊ ၁၃၇၂ ခုနှစ် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်-
ရက်စွဲ။ ၁၃၇၂ ခုနှစ် ဒုတိယဝါဆိုလဆန်း ၁၄ ရက်။ (တနင်္ဂနွေနေ့)
( ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက် )
နေရာ။ ဓမ္မဒူတသိမ်တော် ခမ်းမ
အစီစဉ်-
-ဝ၆း၃ဝ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်း ၊
-ဝ၇း၁၅ ဧည့်သည်တော်များ နံနက်စာ အာဟာရသုံးဆောင်ခြင်း ။
-ဝ၉း၃ဝ ခေတ္တနားခြင်း ၊
-၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
-၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း၊
-၁၃း၁၅ ခေတ္တ အနားယူခြင်း၊
-၁၃း၃ဝ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနား စတင်ခြင်း၊
-၁၃း၃၅ ဝါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများလှူဒါန်းခြင်း၊
-၁၅းဝဝ အနုမောဒနာတရားနာကြားခြင်း ၊ အမျှပေးဝေခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း၊

အလှူတော် အခမ်းအနားသို့ ကိုရီးယားထေရဝါဒ ဗုဒ္ဓဘာသာဖေါင်ဒေးရှင်းမှ ဆရာတော်များလည်း ကြွရောက်အလှူခံမည်ဖြစ်ပြီး ၊ အနုမောဒနာတရားတရားတော်ကို ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်နန္ဒက က ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ကြောင်းနှင့် ၊ ပါရမီရှင်များအနေဖြင့် ဝါဆိုသင်္ကန်းနှင့်တကွ အလှူဝတ္ထုပစ္စည်းများကို စိတ်တိုင်းကျ အလွယ်တကူ လှူဒါန်းနိုင်ကြစေရန် ဓမ္မဒူတအသင်းက အသင့် စီစဉ်ထားမည်ဖြစ်ရာ ၊ ဈေးနှုန်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်းသိရသည် -

၁၊ သင်္ကန်း ၊ ပရိက္ခရာ ရှစ်ပါးအစုံ တစ်စုံ ဝမ် (၅ဝ,ဝဝဝ)
၂၊ တိစီဝရိတ်သင်္ကန်း တစ်စုံ ဝမ် (၃ဝ,ဝဝဝ)
၃၊ သင်္ကန်းဒွိစုံ တစ်စုံ ဝမ် (၂ဝ,ဝဝဝ)
၃၊ ထီး ၊ ယပ် ၊ ဖိနပ် ။ တစ်မျိုး ဝမ် ( ၅,ဝဝဝ)
၎၊ ဆွမ်းဆန်တော် (၁ဝကီလို) တစ်အိတ် ဝမ်(၂ဝ,ဝဝဝ)
၅၊ ဆီ ( ၂.၅ လီတာ ) တစ်ပုံး ဝမ် ( ၅,ဝဝဝ)
အလှူတော်နေ့တွင် အမေ့အိမ်မိသားစုနှင့် မိတ်ဆွေများ က ၊ မြတ်စွာဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း ကပ်လှူပူဇော်ကြမည်ဖြစ်ကြောင်း ၊ ကြွရောက်တော်မူလာကြမည့် ဧည့်သည်တော်များကိုလည်း မြန်မာ့ထမင်းဟင်းများဖြင့် ဧည့်ခံကြွေးမွေးမည်ဖြစ်ကြောင်းနှင့် လူမျိုးမရွေး ဘာသာမရွေးသုံးဆောင်နိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်းလည်း သိရသည် ။

No comments: