Monday, July 19, 2010

မြန်မာစာ မြန်မာစကား သင်ယူလိုပါသည်

မြန်မာစာ မြန်မာစကား သင်ယူလိုပါသည်
Jinju Shi (Gyeong Nam) တွင် နေသည့် ကိုရီးယား မိန်းမပျိုတစ်ဦး ၊ မြန်မာစာ မြန်မာစကား သင်ယူလိုသည်ဟု ဆိုသည် ။

မြန်မာပြည်သို့ရောက်ဖူးပြီး မြန်မာစကား အနည်းငယ်ပြောတတ်သည် ။ မြန်မာနိုင်ငံ မြန်မာ့ယဉ်ကျေးမှု မြန်မာ လူမျိုးများနှင့် မြန်မာစာ မြန်မာစကားကို အထူးစိတ်ဝင်စားပြီး ၄င်း လေ့လာ တတ်မြောက် ထားသည်များ မေ့မသွားစေရန်နှင့် ပိုမို၍ ကျွမ်းကျင်မှုရှိလာစေရန် မြန်မာလူမျိုးများထံမှ အနီးကပ် သင်ယူပြီးနောက် မြန်မာပြည်သို့ ထပ်မံသွားရောက်လိုသေးသည် ဟု ဆိုပါသည် ။

Jinju သို့မဟုတ် Jinju မှ နာရီဝက် / တစ်နာရီခန့် ဖြင့် ရောက်နိုင်မည့် အရပ်ဆိုလျင် လာခဲ့မည်ဟုဆိုပါသည် ။
လူမှုအသိုက်အဝန်းချဲ့ထွင် လိုသည့် မြန်မာလူငယ်မိတ်ဆွေများ အထူးသင့်တော်မည်ဟု သဘောရပါသည် ။

စိတ်ပါဝင်စားပြီး အချိန်ပိုပေးနိုင်သူများ ဆက်သွယ်နိုင်ကြပါသည် ။

ဆက်သွယ်ရန်-
Gim Jeong Eun
တစ်ဆင့် 010-2331-2457

1 comment:

Unknown said...

online က သင်မယ်ဆိုရင်တော့ ကူညီပေးချင်ပါတယ်