Wednesday, July 28, 2010

ဘူဆန် ဟဲအွန်ဒယ်နွေရာသီအပန်းဖြေခရီးသည်များသို့.....

ဇူလိုင် ၂၇ ၊ ဆောအူးလ်မြို့ ။
ဘူဆန် ဟဲအွန်ဒယ် နွေရာသီ အပန်းဖြေခရီးထွက်ရန် အမည်စာရင်းပေးထားကြသည့် ညီအစ်ကို မောင်နှမများ ခင်ဗျား ။
“ နွေရာသီပိတ်ရက်တွင် ယာဉ်မောင်းများကို အထူးတာဝန်အဖြစ် တိတိကျကျ တာဝန်ပေးရမည်ဖြစ်ပါသဖြင့် မိမိတို့ မှာယူမည့် မော်တော်ယဉ် အရေအတွက် အတိအကျကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီထက် နောက်မကျစေဘဲ အတည်ပြုပေးပါရန်” ကျနော်များ ဓမ္မဒူတအသင်းက ချိတ်ဆက်ထားသည့် ခရီးသွားကုမ္ပဏီမှ အကြောင်းကြားလာပါသည် ။
သို့ပါ၍ မိမိတို့ ဓမ္မဒူတအသင်း (ကိုရီးယား) နှင့်အတူ ဘူဆန် ဟဲအွန်ဒယ် နွေရာသီ အပန်းဖြေခရီးထွက်ရန် အမည်စာရင်းပေးထားကြသည့် ညီအစ်ကို မောင်နှမများတို့ အနေဖြင့် ဇူလိုင် ၂၉ ရက် (ကြာသပတေးနေ့) ည ၉ နာရီ အချိန်ထက် နောက်မကျစေဘဲ ၊ ခရီးစဉ်တွင် လိုက်ပါနိုင်ခြင်းရှိ / မရှိ အတည်ပြုချက်ပေးကြပါရန် မေတ္တာရပ်ခံပါသည် ။
မူလကြေညာထားသည့်အတိုင်းဇူလိုင် ၃၁ ရက်ည ၁၀ နာရီတိတိတွင် ဘူဖြောင်းမြို့ ဓမ္မဒူတ စင်တာမှ ကားများစတင် ထွက်ခွါမည်ဖြစ်ပြီး ၊ သြဂုတ်လ ၁ ရက်နေ့ နံနက် ၆ နာရီ ဘူဆန် ဟယ်အွန်ဒယ်ကမ်းခြေသို့ ဆိုက်ရောက်ရန် စီစဉ်ထားပါသည် ။
မူလက ဘူဆန်မြို့တွင် တစ်နေကုန် လည်ပတ် အနားယူ အပမ်းဖြေ ကြပြီးနောက် သြဂုတ်လ ၁ရက်နေ့ ည ၁၀ နာရီတွင် ကမ်းခြေမှ ပြန်လည် ထွက်ခွါရန် စီစဉ်ထားသော်လည်း ၊ အချို့သော ညီအစ်ကိုများက သြဂုတ်လ ၁ရက်နေ့ည ကိုရီးယား နိုင်ငံကျော် အဆိုတော်များ ပါဝင်ဆင်ဆက်မည့် ဘူဆန်ကမ်းခြေ အထူးစင်တင်ဂီတပွဲ အစီအစဉ်တွင် ပါဝင်ဆင်နွဲလိုကြကြောင်း မေတ္တာရပ်ခံလာ ကြသဖြင့် ၊ ဓမ္မဒူတ ဟယ်အွန်ဒယ် ခရီးသည်များ အားလုံး အဆိုပါ စင်တင်ဂီတပွဲတွင် ပါဝင်ဆင်နွဲ အပမ်းဖြေနိုင်ကြစေရန် အလို့ငှာ ၊ ကမ်းခြေမှ ပြန်လည် ထွက်ခွါမည့်အချိန်ကို ည ၁၀ နာရီ အစား ည ၁၂ နာရီသို့ ရွှေ့ဆိုင်းထားပါကြောင်း ကြိုတင် အသိပေး အပ်ပါသည် ။
မိတ်ဆွေတို့ ထပ်မံသိလိုသည်များ 011-9360-1792, 010-4626-7571, 010-7219-4115 နှင့် 010-2331-2457 တို့ထံ မေးမြန်းနိုင်ကြပါသည် ။

လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့

No comments: