Tuesday, July 27, 2010

ဓမ္မဒူတ (ကိုရီးယား) ၊ ဝါဆိုသင်္ကန်း ကပ်လှူပွဲ ပြီးစီး

၂၀၁၀ပြည့်နှစ် ဇူလိုင်လ ၂၅ ရက် ၊ တနင်္ဂနွေနေ့ က ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား) (Dhammaduta Buddhist Association in Korea) နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှများစုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို နေ့လည် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ၊ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) တွင် ကျင်းပခဲ့ရာ ၊ ပရိသတ် အစုစု ၂၀၀ ကျော် ကြွရောက်ကုသိုလ်တော်ယူခဲ့ကြကြောင်း သိရသည် ။

အလှူတော် အခမ်းအနားသို့ ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင် နန္ဒက ၊ အရှင်ကိတ္တိသာရ တို့နှင့်အတူ ကိုရီးယားထေရဝါဒ ဗုဒ္ဓဘာသာဖေါင်ဒေးရှင်းမှ ဆရာတော်များ ၊ ကမ္ဘောဒီးယားဆရာတော် ရိုဆာလင် နှင့် Geumgang Jeong Sa Temple မှ ဆရာတော် Go Won Seunim တို့ ကြွရောက်အလှူခံတော်မူကြကြောင်း ၊ အနုမောဒနာတရားတရားတော်ကို ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်နန္ဒက က ဟောကြား ချီးမြှင့်တော်မူခဲ့ပြီး ၊ ကြွရောက်တော်မူလာကြသည့် ပါရမီရှင်များက ကာလတန်ကြေး ဝမ် ၄ ဆယ့် သုံးသိန်းကျော်ရှိသည့် ဝါဆိုသင်္ကန်းနှင့်တကွ အလှူဝတ္ထုပစ္စည်းများကိ စိတ်တိုင်းကျလှူဒါန်းခဲ့ကြကြောင်း သိရသည် ။
အလှူတော်သို့ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်သည်တော်များကို အမေ့အိမ်မိသားစုနှင့် မိတ်ဆွေများ က ၊ အနံ့အရသာနှင့် ပြည့်စုံသည့် မြန်မာ့ထမင်းဟင်းလျာများဖြင့် အာဟာရ ဒါနပြုခဲ့ကြောင်း သိရသည် ။


အလှူရှင် အမည်စာရင်းများကို (ဤနေရာတွင်) ကြည့်ရှုနိုင်ကြောင်း သိရသည် ။

No comments: