သြဂုတ် ၂၀ ရက် သောကြာနေ့ မွန်းလွဲပိုင်းက ၊ ကယောင်းဂီပြည်နယ် ဖြောင်းထက်မြို့တော်(Kyeonggi Province, P’yeongtek City)ရှိ လျှပ်စစ်ဝါယာကြိုးထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွါးခဲ့ကြောင်း ၊ ၄င်း စက်ရုံအတွင်း သေဆုံးနေခြင်းကို စက်ရုံတွင် အလုပ်အတူတူလုပ်ကိုင်နေသည့် ထိုင်းအလုပ်သမားတစ်ဦးက ညနေ၄ နာရီခန့်တွင် တွေ့ရှိခဲ့သည်ဟုဆိုသည် ။ ၄င်းကို အသက်ရှင်စဉ်နောက်ဆုံးနေတွေ့ရှိခဲ့ရသည့်အချိန်မှာ နေ့လည်ထမင်းစားချိန်ဖြစ်ပြီး မည်သည့်အချိန်တွင် သေဆုံးသွားခဲ့ခြင်းမသိဟုဆိုသည် ။
ယခုအခါ ၄င်းသေဆုံးသူ၏ ရုပ်ကလပ်ကို ဖြောင်းထက်မြို့တော်ရှိ ဆေးရုံတစ်ရုံသို့ပို့ထားပြီး ၊ သေမှုသေခင်းဖွင့်လှစ်ကာ သက်ဆိုင်ရာမှုခင်းရဲများက လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆဲဖြစ်ကြောင်းသိရသည် ။
သေဆုံးသွားသူမှာ ၊ ရွှေအင်းဝ အစီအစဉ်ဖြင့် ၂၀၀၉ခုနှစ်က ရောက်ရှိလာသည့် ကောင်းဇော် (သင်တန်း အပတ်စဉ်-၅) ဖြစ်ကြောင်း ၊ ၄င်းသည် ယခုအခင်းဖြစ်သည့် စက်ရုံသို့ရောက်ရှိလာသည်မှာ ရက်သတ္တ ၂ ပတ်ခန့်သာ ရှိသေးကြောင်း ၊ မူလစက်ရုံမှာ ဂျော်လာမြောက်ပိုင်းပြည်နယ် အစ်ဆန်မြို့ (Jeolla Province, Iksan City) ရှိ ဆေးဆိုးပန်းရိုက်စက်ရုံဖြစ်ကြောင်း ၊ ၄င်းစက်ရုံတွင် အလုပ်စာချုပ် ၁နှစ်ပြည့်၍ ပြောင်းလာခြင်းဖြစ်ကြောင်း ၊ ၄င်းကောင်းဇော်သည် ယခုအလုပ်လုပ်လျက်ရှိသည့် စက်ရုံတွင် အလုပ်စာချုပ် ချုပ်ဆိုခြင်းမရှိသေးဘဲ ၊ အလုပ်စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေဆဲ ကာလအတွင်း ခေတ္တအလုပ်ဝင်လုပ်စဉ် အခင်းဖြစ်ပွါးသွားခြင်းဖြစ်ကြောင်း သိရသည် ။
အရေးကြီးသည့်အချက်မှာ အလုပ်စာချုပ်တရားဝင်ချုပ်ဆိုခြင်းမရှိသေးသဖြင့် အလုပ်ခွင်အတွင်း အလုပ်နှင့် ပတ်သက်၍ သေဆုံးမှုအကျုံးဝင်မဝင်ကိစ္စမှာ အငြင်းပွါးရမည့်ကိစ္စဖြစ်နေကြောင်း ၊ ချွင်းချက်များအရ အလုပ်ခွင်ထိခိုက်မှုအာမခံကြေးခံစားခွင့်ရရှိနိုင်ခြေရှိသော်လည်း ခက်ခက်ခဲခဲဆောင်ရွက်ရလေ့ရှိသည်ဟု အာမခံအကြောင်းသိရှိသူများက ဝေဖန်သုံးသပ်မှုများရှိနေသည် ။
မြန်မာအလုပ်သမားအနေဖြင့် အလုပ်ရှင်နှင့် တရားဝင်အလုပ်စာချုပ်မချုပ်ရသေးလျင် ၊ အလုပ်ဝင်လုပ်ရန်မသင့်ဟု မြန်မာ့အလုပ်သမားအကျိုးလိုလားသူများက အကြံပြုတိုက်တွန်းနေမှုများလည်းရှိသည် ။ လွန်ခဲ့သည့် ၂ လခန့်ကလည်း တရားဝင်အလုပ်စာချုပ်မချုပ်ရသေးမှီ စက်ရုံတွင် အစမ်းသဘောအလုပ် စလုပ်သည့်နေ့မှာပင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ဖမ်းဆီးခြင်းကိုခံရပြီး ၊ တရားမဝင်အလုပ်လုပ်မှုဖြင့် မြန်မာပြည်ပြန်ပို့ခံလိုက်ရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့သေးသည်ဟုဆိုသည် ။
အတည်ပြုချက်မရသေးသည့် သတင်းများအရ သေဆုံးသူ ကိုကောင်းဇော်သည် အသက် ၄၀ ခန့်ရှိပြီး ၊ ရန်ကုန်ဘောက်ထော်တွင်နေထိုင်ကာ ၊ ဇနီးနှင့် သားသမီး ၂ယောက်တို့ ကျန်ရစ်ခဲ့ကြောင်း သိရသည် ။
Sunday, August 22, 2010
မြန်မာအလုပ်သမား တစ်ဦး ရုတ်တရက်ကွယ်လွန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment