Friday, September 17, 2010

အနုပညာရှင်များ ကိုယ်တိုင် ဂီတပွဲတော် လက်မှတ်များရောင်းချပေးမည်

လာမည့် ချူးဆောက်ပွဲတော်ပိတ်ရက် ပထမနေ့ (စက်တင်္ဘာ ၂၁ ရက်နေ့) ဘူချောန်းပြည်သူ့ခမ်းမ (Bucheon Citizen Hall) တွင် ကျင်းပမည့် Lazy Club Live in Korea 2010 အထူး ဂီတပွဲတော်၌ ပါဝင်သီဆို ဖျော်ဖြေ တင်ဆက်ကြမည့် အနုပညာရှင်များက ၊ ကိုရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ၊ အထူး အစီအစဉ် အဖြစ် အမှတ်တရ လက်မှတ်များ ရေးထိုးပြီး ပွဲလက်မှတ်များကို အောက်ပါ အစီအစဉ်များ အတိုင်း ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည် -
ရက်စွဲ -
၂၀၁၀ ပြည့်နှစ် စက်တင်္ဘာလ ၁၉ ရက် ၊ တနင်္ဂနွေနေ့ (တစ်ရက်တည်းသာ)
အချိန် နှင့် နေရာ -
- ညနေ ၃ နာရီမှ ၄နာရီခွဲထိ ၊ စကားဝါ စားတော်ဆက် ။
- ညနေ ၅ နာရီမှ ၆နာရီခွဲထိ ၊ အမေ့အိမ် စားတော်ဆက် ။
- ည ၇ နာရီမှ ၈ နာရီခွဲထိ ၊ မြန်မာသူကြီး စားတော်ဆက် ။
မရှင်းလင်းသည်များရှိပါက 010-4626-7571, 011-9360-1792, 010-9086-2290 နှင့် 010-2331-2457 တို့ထံ မေးမြန်းနိုင်သည်ဟု အဆိုပါ အထူးဂီတပွဲတော်ကျင်းပရေးကော်မတီ၏ ၂၀၁၀ ပြည့်နှစ် စက်တင်္ဘာလ ၁၇ ရက် ရက်စွဲပါ ကြေငြာချက်တွင် ဖော်ပြထားသည် ။
ယမန်နေ့က လေဇီကလပ်တီးဝိုင်း မန်နေဂျာ ကိုစိုးနိုင်ထွန်း ကိုရီးယားသို့ ရောက်ရှိလာပြီး ဂီတပွဲတော်အတွက် စီမံချက်နှင့်အညီ လိုအပ်သည့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ၊ လေဇီကလပ် ဝိုင်းတော်သားများ ဖြစ်ကြသည့် နိုင်ဇော် (လီဒ်) မျိုးဇော် (ကီးဘုတ်) ဂျင်ပိ (ဘေ့စ်) နှင့် မရခိုင် (ဒရမ်)တို့ လာမည့် တနင်္ဂနွေ ၁၉ ရက်နေ့တွင် ကိုရီးယားသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ၊ ၄င်းတို့နှင့် အတူ အဆိုတော် ခင်မောင်တိုး ၊ အယ်လ်လွန်းဝါ ၊ ဟဲလေး ၊ ချစ်သုဝေ ၊ သဇင် ၊ ဂျဲနီ နှင့် ဧည့်အဆိုတော် အဖြစ် ချစ်ဆုဝေ တို့ကလည်း လာမည့် တနင်္ဂနွေနေ့တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြမည်ဖြစ်ကြောင်း သိရသည် ။

No comments: