Friday, April 29, 2011

လူထုအခြေပြု အဖွဲ့အစည်းဆိုင်ရာ သဘောတရားသင်တန်း လမ်းညွှန်နှင့် မေလ ၁ ရက်နေ့ အစီအစဉ်

မြန်မာ့အရေး စိတ်ပါဝင်စားသူများ ကိုရီးယားများနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ညှိနှိုင်း ဖွင့်လှစ်သည့် လူထုအခြေပြုအဖွဲ့ အစည်းဆိုင်ရာ သဘောတရားသင်တန်း နှင့် ဆွေးနွေးပွဲ သို့ တက်ရောက်လိုကြောင်း နှင့် သင်တန်း အစီအစဉ်ကို ကြိုတင်ကြေညာပေးပါရန် မေတ္တာရပ်ခံထား သူများအတွက် သင်တန်းနေရာ လမ်းညွှန် နှင့် ယခု အပါတ် ပို့ချ ဆွေးနွေးမည့် အကြောင်းအရာများကို သက်ဆိုင်ရာက ကြေညာထားပါသည် ။

သင်တန်းနေရာ ဆောင်းဂုံဟွဲတက္ကသိုလ် (Sung Kong Hoe University) သို့ လမ်းညွှန် -
- Seoul~Incheon Railway, Line (1), Onsu Station, Exit (1)
- Onsu~Jangam Subway, Line (7), Onsu Station, Exit (2)


ကျောင်းဝင်း မြေပုံ (ကလစ်ပါ)
လမ်းညွှန်မြေပုံ (ကလစ်ပါ)

သင်တန်း လမ်းညွှန် အခက်အခဲရှိပါက ၀၁၀-၅၈၄၈-၈၃၅၆ ဦးမြင့်ကျော် ထံ မေးမြန်းနိုင် သည်ဟု ဆိုပါသည် ။

မေ၁ရက် (တနင်္ဂနွေ) ပို့ချ ဆွေးနွေးမည့် ဘာသာရပ်မှာ -

လူထုအဖွဲ့အစည်းနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ သဘောတရားနှင့် အခန်းကဏ္ဍ ဖြစ်ပြီး ၊ သင်တန်းဆရာမှာ 신명호( 사회투자지원자활부서, 사회적경제 연구센터 소장) ဖြစ်ကြောင်း ၊ သင်တန်း ဆရာ၏ မေတ္တာရပ်ခံချက်အရ ယခုအပါတ် သင်တန်းကို ညနေ ၄နာရီမှ အစပြု၍ ပို့ချ ဆွေးနွေးမည်ဖြစ်ကြောင်း ၊ နောင် သင်တန်း အစီအစဉ်များကိုလည်း ဟန်းဂုရွာမှ တစ်ဆင့် ကြိုတင် အသိပေးသွားမည်ဖြစ်ကြောင်း သိရပါသည် ။

No comments: