ရေးသားသူ — အင်ကြင်း
သစ်ခုတ်သမားဟာ သစ်ပင်ကို ခုတ်လှဲလျှက်ရှိသည်။ ချွေးတပြိုက်ပြိုက်ကျရင်း ကြိုးစားပြီးခုတ်နေပေမယ့် သစ်ပင်ဟာ လှုပ်ပင်မလှုပ်သေး...ဘာကြောင့်လဲဆိုတာ ပြန်ကြည့်ရင် လွှသွားဟာ တုံးနေတဲ့အတွက် ဘယ်လောက်ပင် အားစိုက်ကာ ကြိုးစားခုတ်နေပါစေ လုံးဝလဲကျမသွားခြင်းပင် ဖြစ်သည်။ သစ်ခုတ်သမားဟာ ချွေးသုတ်ရင်းနဲ့ လွှသွားကို ထက်အောင် သွေးပြီး နားပြီးမှခုတ်လှဲလျှင် လွယ်ကူစွာ လှဲနိုင်ပေမယ့် ခေါင်းမာစွာ ဆက်လက် ခုတ်လှဲနေတဲ့အတွက် သစ်ပင်ဟာ မလဲနိုင်ခြင်းဖြစ်ပေသည်။
ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်လည်း သည်သစ်ခုတ်သမားလိုပဲ ပြုမူတဲ့သူတွေ အလွန်များပါသည်။ ကိုယ့်ရဲ့ လွှသွားဟာ ဘယ်လောက်ထိ တုံးနေတယ်ဆိုတာမသိပဲ ဘာကြောင့် သစ်ပင်ဟာ လဲမကျနိုင်တာလဲဆိုတာ နားမလည်ခြင်းဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကိုယ်တိုင် ကြိုးစားလုံ့လစိုက်ထုတ်မူမရှိလို့သာဆိုပြီး မိမိဖာသာအပြစ်တင်ကာ ဒီလိုပဲဖြစ်တယ်ဆိုပြီး ထပ်မံခုတ်လှဲနေခြင်းပင်ဖြစ်သည်။
"ငါ့ကို သစ်ပင်ကို ခုတ်လှဲတဲ့ အချိန် ၈နာရီပေးမယ်ဆိုရင် ဒီအထဲက ၆နာရီက လွှသွေးပြီး သုံးမယ်။"
အေဘရာဟမ်လင်ကွန်းက ခုလိုပြောခဲ့ပါသည်။ မှန်ပေသည်။ အလုပ်တိုင်းကို မလုပ်ခင် ဘာကြောင့် သည်အလုပ်ကို လုပ်ရသလဲ ဆိုတဲ့ရည်ရွယ်ချက်ကို သေခြာအောင် လုပ်ရမည်။ သေခြာပေါက်ကြိုးစားရမယ်လို့ ပဲမဟုတ်ဘဲ ထိုအလုပ်ကို စဉ်းစားတဲ့အလျှောက် လုပ်ကိုင်ဆောင်ရွက်ဖို့ ကိုယ်လုပ်နိုင်မယ့် ခွန်အားကို အရင်သုံးသပ်ရပေမည်။ ဒါအပြင့် သည့်နောက် ကိုယ့်ရဲ့ လုပ်ပုံနည်းစနစ်ကို မှန်ကန်လားဆိုတာ မကြာခဏ ပြန်လှည့်ကြည့်တဲ့ အချိန်ဟာ သေခြာပေါက် လိုအပ်ပါသည်။ ဖုံသုတ်တဲ့ အ၀တ်စုတ်ဟာ ညစ်ပတ်နေတာကို သည်အတိုင်း သန့်ရှင်းရေးကို လုပ်လျှင် ပိုလုပ်ရင်လုပ်သလောက် ပိုညစ်ပတ်လာမှာပင်ဖြစ်သည်။
ငယ်ရွယ်တဲ့ သင်တို့အတွက် အားနည်းချက်ကတော့ အောင်မှတ်အဆင့်၊ အလုပ်လိုအပ်ချက်မဟုတ်ပဲ ကိုယ့်အတွက် ခံစားမူကိုသုံးသပ်ခြင်း(introspection)ဆိုတဲ့ မှန်ကန်မူ လျော့ကျခြင်းဖြစ်သည်။ ကောင်းမွန်တဲ့ ရမှတ်၊ ဘာသာစကား အဆင၊့် မျိုးစုံတဲ့ အလုပ်နဲ့ သင်တန်းအတွေ့အကြုံတွေသာ များလာပြီး ဒါတွေအတွက်ပဲ အလုပ်များနေတာတောင် တကယ့်ကိုယ့်ရဲ့ လေ့လာမူပုံစံကိုဖြစ်စေ အချိန်ကို အသုံးချတဲ့ ပုံစံဖြစ်စေ၊ သည်ပုံစံဟာ သင့်တော်သလား၊ ဒါမှမဟုတ် ကိုယ်က ဘာအတွက် ဒီ လုပ်နေသလဲဆိုတာ သေခြာ တွေးတောမူမရှိတဲ့ သူတွေကို မမျှော်လင့်တာထက် များနေတာ တွေ့ရသည်။ သူငယ်ချင်းတွေဟာလည်း အားလုံးလိုလို ခုလိုလုပ်တာကြောင့်၊ မိဘက တိုက်တွန်းသည့်အတွက်ကြောင့်၊ သူတို့တွေဟာ ဒီလိုပဲ အချိန်တွေဖြုံးရင်းက ဘာညာဖြစ်စေ တခုခုလုပ်ရမှာ ဖြစ်တယ်ထင်တာကြောင့် အသီးသီး ပြပွဲဝင်ဖို့ ပြင်ဆင်ကြပြီး၊ စာမေးပွဲဖြေဆိုကာ သင်တန်းတက်ဖို့ လုပ်ကြသည်။
သေခြာတဲ့ ဦးတည်ချက်ကို သင့်တော်တဲ့ နည်းစနစ်ကို မပြင်ဆင်နိုင်ရင် ဘယ်လိုပင် ခွန်အားသုံးစေကာမူ အချိန်ဖြုံးနေတာကနေ မကျော်လွှားနိုင်ဘူး။ စစ်မှန်တဲ့ အောင်မြင်မူဆိုတာ သေခြာတဲ့ ရည်ရွယ်ချက် သင့်တော်တဲ့ နည်းစနစ်၊ ရိုးသားတဲ့ လုပ်ဆောင်မူ၊ ထို၃ချက်ကို မျှတလျှင် နောက်ဆုံးမှာ ဖြစ်နိုင်တယ်လို့ ယူဆပါသည်။ သို့သော်လည်း ထိုလူတော်တော်များဟာ စောလျှင်စွာ သစ်ခုတ်သမားလို ရည်ရွယ်ချက်နဲ့ နည်းစနစ်ဟာ မျှတစွာ မသုံးတတ်လျှင် လုပ်ဆောင်ချက်ရဲ့ ရိုးသားမူဟာ မေးစရာဖြစ်လာသည်။
ဆက်ရန်
အင်ကြင်း
12:28 am
31 July 2011.
Friday, August 12, 2011
ခြေလှမ်းကို ရပ်ပြီး လှည့်ကြည့်လိုက်ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment