Tuesday, March 13, 2012

နွေဦးမှာ တောင်တက်ကြမယ်

လာမယ့် တနင်္ဂနွေနေ့ (၁၈.၃.၂၀၁၂) မှာ မြန်မာတောင်တက်ကလာပ်ရဲ့ မတ်လ ခရီးစဉ် အဖြစ် 수암봉 သို့ သွားကြပါမယ်။

အန်ဆန်း၊ အန်ယန်း၊ ဂွန်းဖိုမြို့များနဲ့ ဆက်စပ်နေတဲ့ 수리산/수암봉 တောင် ဖြစ်ပါတယ်။ အမြင့်ဆုံးနေရာ 태을봉 က မီတာ ၄၈၉ ဖြစ်ပြီး၊ လမ်းကြောင်းပြေတဲ့ နောက်တနေရာ 수암봉 က မီတာ ၃၉၈ ဖြစ်ပါတယ်။ ဒီခရီးမှာတော့ 수암봉 ကို တက်ကြရင်း သူနဲ့ တဆက်တည်း ရှိနေတဲ့ 수리산 ရဲ့ သဘာဝအလှကို ခံစားကြတာပေါ့။ တောင်တက်ခရီး အစအဆုံး နှစ်နာရီခွဲလောက် ရှိမယ် ခန့်မှန်းထားပါတယ်။


တနင်္ဂနွေနေ့မှာ ခန့်မှန်းရာသီဥတု အခြေအနေက အပူချိန် 5/11 စင်တီဂရိတ်၊ လေတိုက်နှုန်း 3.5 SW (m/s)၊ နေသာ၊ တိမ် အသင့်အတင့်။

လိုက်ပါမည့် သူများ 안산 ဘူတာ ထွက်ပေါက် သို့ နံနက် ၉း၁၅ အရောက် လာကြရန် ဖြစ်ပါတယ်။ 안산역 မှ အမှတ် ၃၂၀ ကားစီးပြီး 수암파출소 တောင်ခြေ ခရီးအစသို့ ဆက်လက် သွားကြပါမယ်။

အခြား သိလိုတာရှိပါက 010 4034 5712 သို့ ဆက်သွယ်ပါ။

No comments: