Saturday, August 18, 2012

ကိုရီးယားအီးပီအက်စ်(ခေတ်သစ်ကျွန်စံနစ်)ဖျက်သိမ်းရေး ဆန္ဒပြပွဲဖိတ်ကြားလွှာ

သြဂုတ်-၁၈ ၊အင်ချောန်း


သြဂုတ်လ ၁ရက်နေ့မှအစပြု၍ အသက်ဝင်လာသော အီးပီလုပ်သားများ အလုပ်ခွင် ရွှေ့ပြောင်းခြင်းအား မတရားဖိနှိပ်သည့် ဥပဒေကို ဖျက်သိမ်းပေးရေးအတွက် ၊ ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂမှ ဦးဆောင်ကာ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေကြသည့် အင်န်ဂျီအိုများ၊ ကျောင်းသား၊ အလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနဲ့ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများ ပူးပေါင်း၍ လူထုဆန္ဒပြပွဲတစ်ရပ်ကို ဥပဒေနှင့်အညီ အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်ပါသည်-

ရက်စွဲ
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက် (တနင်္ဂနွေနေ့)
အချိန်
နေ့လည် ၃ နာရီ
နေရာ
ဆိုးလ်မြို့လယ် ဘိုရှင်ဂ့ါရှေ့(보신각)
လမ်းညွှန်-
မြေအောက်ရထားလိုင်း ၁ ဂျုံန်ဂါ့ဘူတာ(종각역) ထွက်ပေါက် 4 (ဘူတာအနီး)
(လမ်းညွှန်များကပ်ထားပါမည်။)


လူပီပီနေထိုင်အလုပ်လုပ်ပိုင်ခွင့် ရရှိလိုသည့် အလုပ်သမားတိုင်း တက်ရောက်ကြပါရန် ဆန္ဒပြပွဲကော်မတီက လှုံ့ဆော်ထား ပါသည်။

No comments: