Tuesday, August 7, 2012

သာဓုခေါ်ကြရအောင်

သက္ကရာဇ် ၁၃၇၄ ခု၊ ဒုတိယဝါဆိုလပြည့်ကျော် (၃) ၇က် (၅၊ ၈၊ ၂၀၁၂) တနင်္ဂနွေနေ့ က အညာမြေသူငယ်ချင်းများ အထူးသဖြင့် ကုရီးယားရောက် ပခုက္ကူေ၇စကြိုနယ်ဘက်မှ သူငယ်ချင်းများ စုပေါင်းကာ သံဃာတော်တို့ အား ဝါဆိုသင်္ကန်း၊ အရုဏ်ဆွမ်း၊ နေ့ ဆွမ်း ဆက်ကပ်ပြီး ဧည့်ပရိဿတ်အပေါင်းအား မြန်မာရိုးရာ စားဖွယ်တို့ ဖြင့် ဧည့်ခံကျွေးမွေးလို့ ယဉ်ကျေးမှု အစဉ်အလာမပျက် ဝါဆိုဦး အလှူ ကုသိုလ်ကို အောင်မြင်စွာ ပြီးမြှောက်ခဲ့ပါပြီ။ ဘာသာရေးထွန်းကားသော၊ စာတတ်ပေတတ် ဆ၇ာတော်များထွက်ရှိရာ အရပ်ဒေသမှ လာရောက်ကြသော ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အားလျော်စွာ ဘာသာရေး အဆုံးအမနှင့် ရင်းနှီးကြသူများ ဖြစ်ကြပေသည်။ (၄၊ ၈၊ ၂၀၁၂) စနေနေ့ ည မြတ်ဗုဒ္ဓကို ပူဇော်သောအားဖြင့် ဓမ္မစကြာရွှတ်ဖတ်၊ မေတ္တာပို့ ပွဲတွင်လည်း အားတက်သရော လာေ၇ာက်ပါဝင်လို့ ရွတ်ပူဇော်မှုကို ပြုနေကြတာဟာဖြင့် မြင်၇သူအဖို့  ကြည်နူးမဆုံး ဖြစ်ကြပေလိမ့်မည်။ မိဘတွေများ မြင်လိုက်လျင် ဝမ်းသာပီတီ ဂွမ်းဆီထိသို့ ဖြစ်သွားပေလိမ့်မည်။ ဆွမ်းကပ်အလှူသာမက ရာသီဥတုပူပြင်းမှုကြောင့် လိုအပ်နေသော Air Condition နှင့်  Stand Fan နှစ်စုံကိုလည်း အညာမြေ သူငယ်ချင်းများ ပေါင်းစု၍ ကုသိုလ်ကောင်းမှုအစုစုအတွက် အများသာဓုခေါ် ဝမ်းမြှောက်နိုင်၇န် ကျောင်းတော်အကျိုးတော်ဆောင်အဖွဲ့ မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း.... ချမ်းသာစွာ အိပ်စက် နိုးထနိုင်ကြပါစေ သန္တိကရဝိဟာ၇၊ အန်ဆန်းမြို့ 

No comments: