Monday, September 24, 2012

ချူဆောက်ပိတ်ရက် စုပေါင်းရဟန်းဝတ်ပွဲ၊ တရားပွဲနှင့် အလှူပွဲများ ဖိတ်ကြားခြင်း

ရေးသားသူ — Cittasukha Myanmar Monastery 

 ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုရီးယားနိုင်ငံ၊ ချူဆောက်ပိတ်ရက် ကာလအတွင်း စိတ္တသုခကျောင်းတော်တွင် စုပေါင်းရဟန်းဝတ်ပွဲများ၊ တရားပွဲများနှင့် အလှူပွဲများကို အများပေါင်းစုကာ ကျင်းပပြုလုပ်ကြမည် ဖြစ်ပါသဖြင့် အားလပ်ရက်တွင် ကုသိုလ်လည်းရ ဝမ်းလည်းဝမည့် စိတ္တသုခ၏ အလှူပွဲများသို့ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။   

အစီအစဉ်များ  
- ၂၈-၉ -၂၀၁၂ ရက်၊ သောကြာနေ့ ည ၉ နာရီ = စုပေါင်း ကိုရင်ဝတ်ခြင်း 
- ၂၉-၉ -၂၀၁၂ ရက်၊ စနေနေ့ = ဘူဖျောင်း မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးတွင် စုပေါင်းသိမ်တက်ခြင်း 
- ၃၀-၉ -၂၀၁၂ ရက်၊ တနင်္ဂနွေနေ့ = ထယ်ဂယောင်ဆန်အော့ (태경산업) ညီအစ်ကိုများ၏ ဓမ္မဒါန၊ အာဟာရဒါန အလှူပွဲ  
(ဧည့်ခံချိန် - နံနက် ၁၀နာရီမှ နေ့လည် (၁)နာရီအထိ၊ တရားနာချိန်- နေ့လည် (၁)နာရီ)  
- ၁-၁၀-၂၀၁၂ ရက်၊ တနင်္လာနေ့ = ကွယ်လွန်သူ ဖခင်ကြီးအား ရည်စူး၍ သားဖြစ်သူ ကိုဝင်းနိုင်ဦး (ကျောင်းအကျိုးဆောင်အဖွဲ့)၏ လလည် ရည်စူးကုသိုလ်ထူး ဓမ္မဒါန၊ အာဟာရဒါန အလှူပွဲ  
(ဧည့်ခံချိန် - နံနက် ၁၀နာရီမှ နေ့လည် (၁)နာရီအထိ၊ တရားနာချိန်- နေ့လည် (၁)နာရီ) 

၂-၁၀-၂၀၁၂ ရက်၊ အင်္ဂါနေ့ = ဒုလ္လဘရဟန်းများနှင့် စိတ္တသုခ ဝေယျာဝစ္စအဖွဲ့သားများ၏ ဆွမ်းအလှူ
၃-၁၀-၂၀၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ = ဒုလ္လဘရဟန်းများနှင့် စိတ္တသုခ ဝေယျာဝစ္စအဖွဲ့သားများ၏ ဆွမ်းအလှူ

 နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း   

မှတ်ချက်။ အလှူရှင်များ၏ အလှူကိစ္စအဝဝနှင့် ဒုလ္လဘ ရဟန်းများ၏ ဆွမ်းကွမ်းကိစ္စ အဝဝကို စိတ္တသုခကျောင်း ဝေယျာဝစ္စ အဖွဲ့ဝင်များမှ တာဝန်ယူဦးဆောင်ကာ ကုသိုလ်ယူကြမည် ဖြစ်ပါသဖြင့် အာဟာရဒါန၊ လုပ်အားဒါန ပြုလုပ်လိုသူများ အနေဖြင့် ပိတ်ရက်များတွင် ဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်၍ တစ်နိုင်တပိုင် ပူပေါင်းပါဝင်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။

No comments: