Friday, March 29, 2013

ဂွမ်ဂျူးမြို့ ဖြောင်းဒုန်စက်မှုဇုန်(광주 평동공단)တွင် အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမား၁၆ဦးအား ဖမ်းဆီး

ရေးသားသူ —စိုးမိုးသူ

လွန်ခဲ့တဲ့ ၂၆ရက်နေ့က ဂွမ်ဂျူးမြို့ ဖြောင်းဒုန်စက်မှုဇုန်(광주 평동공단)တွင် အထောက်အထားမဲ့ 
ရွှေ့ပြောင်း အလုပ်သမား၁၆ဦးအား ဖမ်းဆီးခဲ့ကြောင်း ဂွမ်ဂျူး လူဝင်မှုကြီးကြပ်ရေးဌာနမှ ကြေညာပါတယ်။


ဖမ်းမိသူများမှာ ဗီယက်နမ် ၅ဦး၊ ဖိလစ်ပိုင် ၅ဦး၊ ကမ်ဘောဒီယား ၄ဦးနှင့် တရုတ် ၂ဦးတို့ဖြစ်ပါတယ်။
သူတို့ဟာ အီးပီအက်စ်စနစ်ဖြင့် အလုပ်လုပ်ကိုင်ရာမှ စက်ရုံတွင်းမှ ထွက်ပြေးသူများ၊ အလုပ်လုပ်ကိုင်ခွင့် ကာလ ၄နှစ်၁၀လပြည့်ပြီးသော်လည်း နိုင်ငံတွင်းမှ ထွက်ခွာပေးခြင်းမရှိပဲ အထောက်အထားမဲ့ အလုပ်သ
မားအဖြစ် ဆက်လက် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြပါတယ်။
သူတို့အလုပ်လုပ်ကိုင်ရာ စက်ရုံဟာ ကုမ္ပဏီကြီးများအတွက် ပစ္စည်းလက်ခံပြုလုပ်ပေးနေသော စက်ရုံများ
ဖြစ်ပြီး အလုပ်နေရာရှာဖွေပေးရေးဌာနရဲ့ ဆက်သွယ်ပေးမှုဖြင့် အထောက်အထားမဲ့အလုပ်သမားများအား 
အလုပ်ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနက ယခု ဖမ်းမိတဲ့ အထောက်အထားမဲ့အလုပ်သမားများမှတဆင့် သူတို့ အလုပ်
အကိုင်ရှာဖွေရာလမ်းကြောင်းကို စစ်ဆေးပြီး သူတို့အား နိုင်ငံသို့ ပြန်ပို့ခြင်း၊ အလုပ်ခန့်သူ အလုပ်ရှင်
အား ဥပဒေအရ အရေးယူခြင်းကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
မူရင်းသတင်း http://www.jndn.com/read.php3?no=157692&read_temp=20130327&section=5


No comments: