Friday, March 1, 2013

မြန်မာများအတွက် လိုတီဝေါလ် (Lotte World) အပမ်းဖြေဥယျဉ် အခမဲ့ အပမ်းဖြေ အစီအစဉ်

မြန်မာမိတ်ဆွေများသို့
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား (ဗီဇာရှိ ၊ မရှိမည်သူမဆို) တို့သည် အောက်ဖော်ပြပါ ကာလအတွင်း ၊ အစိမ်းရောင် ဓါတ်ရထားလိုင်းအမှတ်(၂) ချမ်းရှီးလ်ဘူတာ(잠실역)ရှိ လိုတီဝေါလ် (Lotte World) အပမ်းဖြေဥယျဉ်သို့ အခမဲ့ သွားရောက်အပမ်းဖြေ ပျော်ပါးဆော့ကစားနိုင်ကြပါကြောင်း သတင်းကောင်းပါးလိုက်ပါသည် -

ခွင့်ပြုကာလ-
၁။ မတ်လ ၅ ရက်(အင်္ဂါ)မှ မတ်လ ၈-ရက်(သောကြာ)အတွင်း
၂။ မတ်လ ၁၁ ရက်(တနင်္လာ)မှ မတ်လ၁၅ ရက်(သောကြာ)အတွင်း

ဤ အစီအစဉ်မှာ ကိုရီးယားနိုင်ငံရှိ မေတ္တာဥယျာဉ်(사랑밭) လူမှုရေးအသင်း၏ ထောက်ပံ့မှုအစီအစဉ်ဖြစ်ကြောင်းနှင့် အစီအစဉ်တွင် လိုက်ပါလိုသူများအနေဖြင့် ၊ မိမိတို့၏ အမည်နှင့်သွားရောက်လိုသည့်နေ့ရက်တို့ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ ကြိုတင်စာရင်းပေးဖို့လိုအပ်ကြောင်း သိရသည် -
ဆက်သွယ်ရန်-
၁။ မမေရီ (၀၁၀-၂၇၂၁-၀၁၅၆)
၂။ ကိုသောမတ် (၀၁၀-၆၇၁၂-၀၁၅၃)

No comments: