ရေးသားသူ — အမည်
You Say Tour
မြန်မာနိုင်ငံသားများအတွက် ကိုးရီးယား ပညာသင်ဆု လူတွေ့မေးမြန်းမည်။
စိတ်ဝင်စားသူများ အမြန်ဆုံးဆက်သွယ်ပါ။ကိုရီးယားတက္ကသိုလ်များမှ နှစ်စဉ်ပေးနေသော ပညာသင်ဆုကို ယခုနှစ်လည်း မြန်မာနိုင်ငံသားများအတွက်ထပ်မံပေးလိုက်ပြီ။
ပညာသင်ဆုအမျိုးအစား။ B.A/B.Sc ဘွဲ. အတွက် ၄နှစ်တာ ပညာသင်ဆု
ဖူဆန်းမြို. Pukyong National Univesity
၂၀၁၃ -၉-၂ရက်နေ.တွင် ဆောင်းဦး စာသင်နှစ်တွင် စတင်တက်ရောက်ခွင့်ရမည်။
၆လခြား တစ်ကြိမ် တစ်ကြိမ်လျှင် ၅ဦးစီဖြင့် ၂၀၁၅-၃လပိုင်း နွေဦးစာသင်နှစ်အထိ
စုစုပေါင်း ၂၀ဦး အထိ ရွေးချယ် ချီးမြှင့်သွားမည်ဖြစ်သည်။
ယခု ပထမအကြိမ် ၅ဦး အတွက် (ပြည်တော်ဦး မြန်မာကိုရီးယား လူငယ်ဖွ.ံဖြိုးရေးကျောင်း ကျောက်စာတော်ဘုရားလမ်း ကျိုက္ကစံ အနောက်ရပ်ကွက် ရန်ကုန် သို. ဖုန်း ၅၆၁၄၅၉။ ၀၉၂၀၁၂၁၄၁ ဘုန်းကြီးဥုးသြဒါတ။ ဆရာ ဦးဇော်မြင့် ၀၉၅၁၀၁၁၂၅) ၂၀၁၂-၅-၂ရက်နေ. နောက်ဆုံးထား လျှောက်လွှာတင်ရပါမည်။
၂၀၁၃-၅-၃ မှ ၆ရက်နေ.အထိ လူတွေ. စစ်ဆေးပြီး အပြီးသတ်ရွေးချယ်ပါမည်။
ရွေးချယ်ခံရသူများ တက္ကသိုလ်လျှောက်လွှာကို ၂၀၁၃-၆-၂၀ရက် နောက်ဆုံးပေးပို.ရမည်။
လျှောက်ထားခွင့်ရှိသူများ
၁။ ကိုရီးယား ဘာသာစကား အရည်အချင်း TOPIK လယ်ဗယ် ၃နှင့် အထက်
၂။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ/ ဘွဲ.ရပြီးသူ
၃။ အသက် ၂၁နှစ် အောက် (၁၉၉၂မှစ နောက်ပိုင်းဖွား)
ပေးပို.ရမည့်စာရွက်စာတမ်း
၁။ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံ ၃ပုံ
၂။ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း မိတ္တူ
(ဘွဲ.ရသူများ ဘွဲ.ရအမှတ်စာရင်းပါပူးတွဲတင်)
၃။TOPIK လက်မှတ်မိတ္တူ
၎။ နိုင်ငံသားကဒ် မိတ္တူ (နိုင်ငံကူးလက်မှတ်ရှိသူ ပူးတွဲတင်)
၅။ အိမ်ထောင်စုစာရင်းမိတ္တူ
No comments:
Post a Comment