ရေးသားသူ — စိုးမိုးသူ
ဟန်းဂု၇ွာမှာ အကို့၇ဲ့ နားမလည်လို့ မေးတဲ့သူတွေကို
ပြန်လည်ဖြေကြားပေးတာတွေ့၇လို့ အားလုံး ကိုယ်စား ကျေးဇူးတင်မိပါတယ်။ အခု
ကျနော်လဲ မသိတာတခုလောက် မေးချင်လို့ပါ အကို။ ကျနော်က ဒီေ၇ာက်မှ
စက်၇ုံပြောင်းထားတာပါ ။
ကျနော့်စက်၇ုံက အချိန်(over
time)နဲ့ပေးတာမဟုတ်ပါဘူး အကို ၊ အပြတ်ပေးတာပါ
စနေ တနင်္ဂနွေ
စာချုပ်မှာထဲက မဆင်း၇ပါဘူး၊ လစာလဲ မဆိုးပါဘူး အကို ၊
၂၇က်
နား၇တာဆိုတော့၊ စနေမှာ ကျနော်က အပိုဝင်ငွေ၇အောင် တခြားစက်၇ုံမှာ
အချိန်ပိုင်း လုပ်လို့၇၇င် လုပ်ချင်လို့ပါ အကို ၊
အဲဒါ လုပ်ခွင့်၇ှိလား
မ၇ှိဘူးဆိုတာ သိချင်လို့ပါ အကို ကျေးဇူးပြုပြီး ပြန်ဖြေကြားပေးဖို့
တောင်းပန်ပါတယ် အကို
လေးစားစွာဖြင့် ဈာန်_ _
ညီရေ
အလုပ်စာချုပ်ထဲမှာ တနေ့၈နာရီ အလုပ်လုပ်ရင် ရမယ့် အခြေခံလစာကို ဘယ်လောက်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်မပါဘူးလား၊အိုဗာတိုင်ကြေး သီးသန့်မပေးပဲ ကြိုက်သလောက်ခိုင်း သတ်မှတ်ထားတဲ့ ပမာဏ အတိုင်း ပေးမယ် ဆိုတဲ့အပေါ်မှာ တွက်ကြည့်ရအောင်။
ညီအလုပ်လုပ်ခဲ့တဲ့ လတွေထဲမှာ အိုဗာတိုင်မရှိတဲ့ လ၊ နဲပါးတဲ့လတွေ၊ များတဲ့ လတွေ ရှိမယ်ထင်တယ်။
အဲဒီ အိုဗာတိုင် နည်းပါးတဲ့ လတွေမှာ ရတဲ့ လစာနဲ့ အိုဗာတိုင်ရှိတဲ့ လတွေက လစာနဲ့ ပမာဏ အတူပေးလား။
ဆိုလိုတာက အိုဗာတိုင်မရှိလည်း အပြတ်ပေးမယ်ပြောထားတဲ့ လစာအတိုင်းပေးလားကိုပါ။
အပြတ်ပေးတယ်ဆိုတဲ့ သဘောက နှစ်ချုပ်လစာ(ကိုရီးယားလို ရွန်ဘုံ 연봉 annual income) လို့ခေါ်တယ်လေ။
အလုပ်ရှင်က အလုပ်သမားနဲ့ ညှိုနိုင်းပြီး တနှစ်(၁၂လစာအလုပ်လုပ်ခ)စာ လစာပေါင်းကိုသတ်မှတ်၊
အဲဒီ လစာပေါင်းကို ၁၂နဲ့ ပြန်စားပြီး လစဉ် လစာပေးသွားတဲ့ စနစ်ကိုခေါ်တယ်။
အဲဒီ နှစ်ချုပ်လစာထဲမှာ ဘယ်လိုလစာတွေပါတယ်ဆိုတာ စာတပုဒ်ရေးပြီး သီးသန့်ရှင်းပြပါ့မယ်။
အဲဒီတော့ စာချုပ်ချုပ်ထားတဲ့ ၁၂လအတွင်း လိုအပ်သလို(ပိတ်ရက်မပါ)အလုပ်ကို လုပ်ပေးရတဲ့ စနစ်လေ။
အဲ တခါတလေ ပိတ်ရက်တောင် လိုအပ်ရင် အလုပ်လုပ်ပေးရတယ်။
ဒါပေမယ့် အပြတ်ပေးတဲ့ နှစ်ချုပ်လစာတွေဟာ အများအားဖြင့် အိုဗာတိုင်ကြေးတွေပါ အပါအ၀င် တွက်ချက်ပြီး ပေးထားတာမို့
အိုဗာတိုင် မဆင်းရရင် ကိုယ်က အမြတ်၊ ဆင်းရရင် ပမာဏတူဖြစ်တာမို့ လစာကို လျော့ပြီး ရတယ်ဆိုတယ် နစ်နာမှုမရှိဘူးလေ။
အဲဒီတော့
ညီက ကိုယ့်ကို အပြတ်ပေးထားတဲ့ လစာပေါင်းဟာ
အခြေခံလစာ+အိုဗာတိုင်ကြေးရဲ့ ပမာဏထက် များနေရင်တော့ ၀မ်းသာစရာပေါ.့ အဲ တခါတလေ ပိတ်ရက်တောင် လိုအပ်ရင် အလုပ်လုပ်ပေးရတယ်။
ဒါပေမယ့် အပြတ်ပေးတဲ့ နှစ်ချုပ်လစာတွေဟာ အများအားဖြင့် အိုဗာတိုင်ကြေးတွေပါ အပါအ၀င် တွက်ချက်ပြီး ပေးထားတာမို့
အိုဗာတိုင် မဆင်းရရင် ကိုယ်က အမြတ်၊ ဆင်းရရင် ပမာဏတူဖြစ်တာမို့ လစာကို လျော့ပြီး ရတယ်ဆိုတယ် နစ်နာမှုမရှိဘူးလေ။
အဲဒီတော့
ညီက ကိုယ့်ကို အပြတ်ပေးထားတဲ့ လစာပေါင်းဟာ
အဲ နဲနေရင်တော့ အလုပ်သမားအခွင့်အရေးချိုးဖောက်
နောက်ပြီး ညီမေးထားတဲ့ စနေမှာ တခြားအလုပ်လုပ်ခွင့်ရှိမရှိဆို တာကိုဖြေမယ်။
အီးပီအက်စ်ဥပဒေအရ တခြား အလုပ်လုပ်ခွင့် မရှိဘူး။
အလုပ်စာချုပ်ထဲမှာပါတဲ့ အလုပ်ရှင်၊ အလုပ်လိပ်စာကလွဲပြီး တခြားအလုပ်ရှင်(ကိုယ့်အလုပ်ရှင် ကခိုင်းလို့ တခြားစက်ရုံမှာ သွား လုပ်တာ အပါအ၀င်)မှာ အလုပ်သွားလုပ်တာကိုလည်း ဥပဒေအရ ခွင့်မပြုဘူး။
အဲဒီတော့ ကိုယ့်အလုပ်ရှင်နဲ့အလုပ်နေရာဟာ အလုပ်စာချုပ်ထဲကအချက်နဲ့ တူလား ကြည့်ရပါ့မယ်။
အဲ တခြား အချိန်ပို အလုပ်ကို ခိုးလုပ်လို့ မိရင်၊ အတိုင်ခံရရင် ၊အကြောင်းတခုခုကြောင့် သက်ဆိုင်ရာက သိသွားရင် ပြည်နှင်ခံရမယ်။
အဲဒီတော့ မဖြစ်မနေလုပ်ရမယ်ဆိုရင်တော့ သတိထားပေါ့။
ဥပဒေအရ ခွင့်မပြုဘူးဆိုတာကို သိထားဖို့ပါ။
ဥာဏ်ရှိသလို လုပ်နိုင်ပါတယ်။
အဆင်ပြေပါစေ
No comments:
Post a Comment