ဆိုးလ် (ဆောအုလ်) ဂွာန်ဂျင်ဂု ကလေးများ ပန်းခြံအတွင်းရှိ မစ္စတာ ဘာန်ဂျောန်ဟွာရဲ့ ရုပ်ထု၊
ယနေ့ ၂၀၁၃ ခုနှစ် မေ ၅ ရက်နေ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးများနေ့ဖြစ်ပါတယ်။ ကလေးများနေ့မှာ မိဘတွေဟာ သားသမီးတွေကို စိတ်တိုင်းကြ ဖြစ်စေရန်အတွက် ကလေး ကစားကွင်းများ၊ ပန်းခြံများသို့ သွားရောက်ပြီး သားသမီးတွေနဲ့အတူ ပျော်ရွှင်စွာ စားသောက်၊ ကစားကြသလို ကလေးများ လိုချင်တာများကိုလည်း ၀ယ်ပေးကြပါတယ်။ ကလေးတွေအတွက် တစ်နှစ်တာ အတွင်းမှာ ပျော်ရွှင်စရာ နေ့တစ်ရက်ပါ။ မိဘမရှိတဲ့ ကလေးတွေကိုလည်း သက်ဆိုင်ရာ ကျောင်းနဲ့  စောင့်ရှောက်ရေးဌာန (သို့မဟုတ်) အဘိုးအဘွားတွေက လိုက်ပို့ပေးကြပါတယ်။ ကလေးများနေ့ ဖြစ်ပေါ်လာခြင်း အကြောင်းကတော့ ကလေးစာပေများကို ရေးသားတဲ့ မစ္စတာ ဘာန်ဂျောန်ဟွာက ဦးဆောင်နေတဲ့ ရိုမာန် ကက်သလစ်ဂိုဏ်း ဆိုးလ် ဌာနခွဲ (ဆောအုလ်)မှာ ၁၉၂၂ ခုနှစ် မေ ၁ ရက်မှာ လူငယ်များ အစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့ရာမှ အစပြုခဲ့တယ်လို့ ဆိုရမှာပါ။ ကလေး သူငယ်များအတွက် ရည်သန်ပြီး ဆောင်ရွက်ပေးတဲ့ နှစ်ပတ်လည် အထိမ်းအမှတ် နေ့ကလေး တစ်နေ့ပါ။ ၁၉၂၅ ခုနှစ်မှာ ကျင်းပတဲ့ အခမ်းအနားကို တနိုင်ငံလုံးက ၃သိန်းကျော်သော ကလေးများ တက်ရောက် လာကြပါတယ်။ ဖက်ဆစ် ဂျပန်များ အုပ်ချုပ်နေစဉ်ကာလ ၁၉၃၉ ခုနှစ်မှာ ခေတ္တ ရပ်နားခြင်း ခံခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ် သြဂတ် ၁၅ ရက် နောက်ပိုင်းမှာ ပြန်လည် ကျင်းပခွင့် ရရှိခဲ့ကြပါတယ်။ ၁၉၄၉ ခုနှစ်မှ စတင်ပြီး မေ ၁ရက်အစား မေ ၅ ရက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ယနေ့အထိတိုင် ကလေးများနေ့ အဖြစ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် ၃၅ ကြီမ်မြောက် ကလေးများနေ့ ကျင်းပတဲ့အခါမှာ ပြည်ထဲရေး ၀န်ကြီး၊ တရားရေးရာ ၀န်ကြီး၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးတို့ တက်ရောက်ပြီး ကလေးသူများ ကြောက်ရွံ့မှု ကင်းရှင်းပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင် စားသောက်နိုင်ရေးအတွက် ကူညီ အားပေး စောင့်ရှောက်ပေးဘို့ သဘော တူ ဆုံးဖြတ်ခဲ့ကြပါတယ်။
No comments:
Post a Comment