နိုင်ငံတော်
သုဿာန်အတွင်းရှိ ကျောက်တိုင် အဆောက်အအုံရှေ့တွင် အောက်မေ့ဘွယ် အခမ်းအနားကို ကျင်းပနေပုံ
( ဓာတ်ပုံကို အင်တာနက်ကတစ်ဆင့် ဖော်ပြပါသည်။ )
ကိုရီးယားနိုင်ငံ၏
လွတ်လပ်ရေးနှင့် နိုင်ငံတော်အတွက် အသက်စွန့်ပေးသွားကြသော အာဇာနည်၊ သူရဲကောင်း အပေါင်းတို့ကို
အမြဲထာဝရ မေ့ပျောက် မသွားစေရန်အအတွက် ရည်သန်ပြီး သမတ ယိစွန်မာန် လက်ထက်တွင် ၁၉၅၆ ခုနှစ်
ဇွန် ၆ရက်နေ့မှ စတင်ပြီး အောက်မေ့ဘွယ် အခမ်းအနားအဖြစ် ကျင်းပလာခဲ့ကြပါသည်။
၁၉၇၅
ခုနှစ် သမတ ဘဂျောန်ဟီလက်ထက်မှ စတင်ပြီး အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့ပါသည်။
ဇွန်
၆ ရက် နံနက် ၁၀ နာရီအချိန်တွင် နိုင်ငံတော် သမတက နိုင်ငံတော် သုဿာန်သို့ ရောက်ရှိလာပြီး
နိုင်ငံတော် သမတကို အစိုးရ ၀န်ကြီးအဖွဲ့နှင့် အဖွဲ့ဝင်များက ခြံရံလျက် ၀မ်းနည်းခြင်း
အထိမ်းအမှတ်ဖြင့် တည်ဆောက်ထားသော ကျောက်တိုင်ရှေ့အထိ ချီတက်ကာ နိုင်ငံတော် သမတက လွှမ်းသူ့
ပန်းခွေချပြီး အမွှေးတိုင်များ ထွန်းညှိပြီး အားလုံးက အလေးပြုကြပါသည်။ ၄င်းနောက် အောက်မေ့ဘွယ်
အခမ်းအနားကို နိုင်ငံတော် သုဿန်အတွင်းတွင် ဆက်လက် ကျင်းပရာ သမတကိုယ်တိုင် တက်ရောက်ပြီး
ဝမ်းနည်း၊ ဂုဏ်ပြုစကား ပြောကြားပါသည်။
အဆိုပါ
အောက်မေ့ဘွယ် အခမ်းအနား၏ အဓိက ပုံရိပ်ကတော့ ၁၉၅၀ ခုနှစ်မှ ၁၀၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သော
တောင်နှင့် မြောက်ကိုရီးယား ပြည်တွင်း စစ်ပွဲအတွင်း ကျဆုံးသွားကြသော အာဇာနည်၊ သူရဲကောင်းတို့အတွက်
ရည်စူး ကျင်းပခြင်း ဖြစ်ပေမယ့် နောက်ပိုင်းတွင် နိုင်ငံတော်အတွက် အသက်ပေးသွားကြသူများအတွက်
ရည်စူးပြီး ကျင်းပလာကြပါသည်။
အောက်မေ့ဘွယ်
အခမ်းအနားကို ဆိုးလ် (ဆောအုလ်) နိုင်ငံတော် သုဿာန်တွင် မကဘဲ တစ်နိုင်လုံးရှိ ပြည်နယ်၊
မြို့ အသီးသီးတို့မှာ ကျင်းပကြပါသည်။
ဇော်မိုးအောင်
(ကိုရီးယား)

No comments:
Post a Comment