Tuesday, September 10, 2013

ချူးဆော့ခ် အလှူ၇က် ကြေငြာခြင်း



ကိုရီးယားချူးဆော့ဂ် အားလပ်၇က် အလှူတော် ဖိတ်ကြားခြင်း

ကိုရီးယားယဉ်ကျေးမှုကို ဖေါ်ဆောင်သော ကောက်ရိုက်သိမ်းပွဲတွင် မိသားစုများ တွေ့ဆုံပြီး ထ္မင်းလက်ဆုံ 

စားခြင်း၊ မိဘများအား ကန်တော့ခြင်းနှင့် လမင်းကြီးကိုကြည့်ကာ လိုရာဆုတောင်းကြခြင်းဖြင့် 

ကိုယ်ပိုင်ယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းဖေါ်ဆောင်တဲ့ အားလပ်၇က်မှာ 

တို့ရွှေမြန်မာညီအစ်ကိုများ တွေ့ဆုံကြ ကုသိုလ်ကောင်းမှုများကိုလည်း လွတ်လပ်စွာ ပြုလုပ်နိုင်မဲ့ 

အချိန်ကောင်း အခွင့်ရေးကောင်း ဖြစ်ပေသည်။

ထိုစဉ်ကာလ စက်တင်ဘာ (၁၈)၇က်မှ (၂၁) နေ့အထိ    အန်ဆန်းမြို့ သန္တိကရဝိဟာရ ၌

 အောက်ပါအစီစဉ်အတိုင်း ဒုလ္လဘရဟန်းခံ နှင့် ဆွမ်းကပ်အလှူတော်များကို ပြုလုပ်မည်ဖြစ်ပါ၍

မိတ်ဟောင်းမိတ်သစ်များအား ကြွရောက်ကြပါ၇န် ဖိတ်ကြားအပ်ပါသည်။

(စက်တင်ဘာ (၁၈) ၇က် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် ရှင်သာမဏေဝတ်၍ နေ့လည် (၃)နာ၇ီခန့်တွင်

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတွင် ဥပသမ္ပဒ ၇ဟန်းခံခြင်း မင်္ဂလာကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကြွရောက်ကြည်ညို ကိုသိုလ်ပွါးများနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

၁၈-၉-၂၀၁၃ ဗုဒ္ဓဟူးနေ့ အရုဏ်ဆွမ်း "စိတ္တသာမဂ္ဂီ လူငယ်များအဖွဲ့ 

     ။                ။        နေ့ဆွမ်း  အိုအိဒိုမှ သူငယ်ချင်းများတစ်စု

၁၉-၉-၂၀၁၃ ကြာသပတေးနေ့ အရုဏ်ဆွမ်း ကွယ်လွန်သူ အစ်မ မနေဇာ ၏ ငါးနှစ်ပြည့် ၇ည်စူး၍

                                    မောင်ဖြစ်သူ မောင်အေးချမ်းမင်း နှင့် မိသားစု (၃၈)လမ်း ၇န်ကုန်မြို့

     ။                           နေ့ဆွမ်း မွန်လူငယ်များအဖွဲ့၊ေ၇းမြို့၊ မွန်ပြည်နယ်။

၂၀-၉-၂၀၁၃ သောကြာနေ့          မော်လမြိုင်မြို့မှ ပြည့်ဖြိုးအောင် နှင့် သူငယ်ချင်းများ

၂၁-၉-၂၀၁၃ စနေနေ့                 အန်ဆန်း ရှီဟွာရှိ မြင်းခြံမြို့မှ သူငယ်ချင်းများ

ကျောင်းအကျိုးတော်ဆောင်အဖွဲ့

သန္တိကရဝိဟာရ၊ အန်ဆန်းမြို့



   

No comments: