Monday, September 9, 2013

ဒုလ္လဘရဟန်းခံပွဲ



ပထမအကြိမ် ဒုလ္လဘရဟန်းခံပွဲ ကျင်းပမည်


အန်ဆန်းမြို့ သန္တိကရဝိဟာရ ဆ၇ာတော်နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ

 ကြီးမှူး၍ ပထမအကြိမ် စုပေါင်းဒုလ္လဘ ရဟန်းခံပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ကိုရီးယားနိုင်ငံ၌ စီးပွါးရှာရင်း ချူးဆော့ခ် အားလပ်ရက်မှာ တစ်ခဏတာ လောကီအာရုံ

တို့မှ ခွါရှောင်ပြီး ကုသိုလ်များများ၇ရှိနိုင်ဘို့၊ ၇ခဲတဲ့ လူ့ဘဝကို ၇ရှိခိုက် ၇ခဲတဲ့ 

၇ဟန်းဘဝကို တခဏတာ ရယူရင်း မြတ်ဗုဒ္ဓ သာသနာတော်၏ သန္တရသ၊ ဝိမုတ္တိရသကို 

ခံစားနိုင်မည့် အခွင့်အရေးဖြစ်ပါသည်။


ရဟန်းလောင်းငါးပါးကိုသာ ၇ည်မှန်းထားပြီး ယ္ခု လက်ရှိတွင် လေးပါးအတွက် စာရင်း

ရရှိထားပြီးဖြစ်၍ ကျန်တစ်ပါးအတွက် အခွင့်အရေးကို ၇ယူလိုသူအား ဖိတ်ခေါ်ပါသည်။ 

ကျောင်းတော်သို့ ဆက်သွယ်ပါရန် မေတ္တာ၇ပ်ခံအပ်ပါသည်။

စက်တင်ဘာ (၁၈) ၇က်နေ့ မနက်ပိုင်းတွင် ရှင်သာမဏေအဖြစ်ခံယူပြီး နေ့လည် 

(၃) နာရီခန့်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတါင် ဥပသမ္ပဒကံဆောင် ၇ဟန်းခံခြင်း 

မင်္ဂလာကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကြည်ညိုသဒ္ဓါပွါးများလိုသူအားလုံးကို 

ဖိတ်ခေါ်ပါသည်။

ဆက်သွယ်ရန် 

ဆ၇ာတော် ဦးသုဝဏ္ဏ (ဖုံး - ၀၁၀-၅၁၈၄-၃၅၇၈)

တွဲလက်ဖြင့် သာသနာကို အမြဲဆက်ကြပါစို့

ကျောင်းအကျိုးတော်ဆောင်အဖွဲ့ 

သန္တိကရဝိဟာရ၊ အန်ဆန်းမြို့ 




 

No comments: