Sunday, September 8, 2013

ငါ

မိတ်ဆွေစစ်ရှား ဆိုသော်ငြား
ကိုယ်တိုင်ဖြစ်ဖို့ မကြိုးစား။

လူ့အခွင့်အရေးသမား ဆိုသော်ငြား
အမျိုးသားရေး ဆိုကာတား။

ဒီမိုသမား ဆိုသော်ငြား
အာဏာရှင်နဲ့ မခြား။

ပြုပြင်ရေးသမား ဆိုသော်ငြား
ကိုယ်တိုင်ပြောင်းဖို့ မလိုလား။

ဒီလိုလူစား ဘယ်သူများ
လား လား.. ငါပါတကား။


သက်နိုင်(၂၀၁၃ ဇွန်)

No comments: