Sunday, October 13, 2013

ဂွမ်ဂျူး ဓမ္မယာန ပြည်တော်ဦး ကျောင်းသစ်ဖွင့်ပွဲ အောင်မြင်စွာ ပြီးဆုံး

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဓမ္မယာန ပြည်တော်ဦး နာယက ကမ္မဌာနာစရိယ ဆရာတော် အရှင်ပဏ္ဍိစ္စ၏ ဦးဆောင်မှုဖြင့် ကိုရီးယား နိုင်ငံရောက် ဂွမ်ဂျူ ရွှေမြန်မာညီအကိုမောင်နှမများ စုပေါင်းကျင်းပသော ဂွမ်ဂျူ ဓမ္မယာန ပြည်တော်ဦး ကျောင်းသစ်ဖွင့်ပွဲနှင့် ဆရာတော် ဒေါက်တာဝဏ္ဏ အသျှင်သူမြတ်ကို ပဓာနနာယကအဖြစ် ကျောင်းတင်အပ်နှံပွဲ အခမ်းအနားကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပါသည်။  
နံနက် (၁၀)နာရီခွဲအချိန်တွင် အသျှင် သုမင်္ဂလ ( ဝေါဆရာတော်- မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၊ အသျှင် ပဏ္ဍိစ္စ ( ပူဆန် ဆရာတော်)၊ အသျှင် ၀ဏ္ဏ (ဂွာန်ဂျူဆရာတော်)၊ အသျှင် မဏ္ဍလ ( ကင်းမ်မဲဆရာတော် ) နှင့် ဘိုမွန် ကိုရီးယား ဆရာတော်တို့က ဘုရားအနေကဇာတင်ကြပါသည်။ ဘုရားအနေကဇာတင်ပြီးနောက် ဂွာန်ဂျူ ဓမ္မယာန ပြည်တော်ဦးကျောင်းတော် ဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ကူညီ အားပေး လုပ်ဆောင်ပေးကြသည့် ကိုရီးယားနိုင်ငံများအား ကျေးဇူးတင်စကားကို အသျှင် ပဏ္ဍိစ္စက ပြောကြားပြီး ကိုရီးယားဆရာတော်နှင့် ဘူဆန်၊ ကင်းမ်မဲ၊ ဂွာန်ဂျူက ကိုရီးယား ဗုဒ္ဓဘာသာဝင်များက တာဝန်ရှိသူများက ကျောင်းတော် တိုးတက်အောင်မြင်ရေးနှင့် ဂရုတစိုက် ၀န်းရံ ကူညီကြရန် စကားများ အသီးသီးပြောကြားကြပြီးနောက် ပင့်သံဃာတော်များအား နေ့ဆွမ်းဖြင့် ဆက်ကပ်ပါသည်။ ကိုရီးယား၊ မြန်မာ အလှူရှင်များနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ ဒံပေါက်ဖြင့် ဧည့်ခံပါသည်။ ဆက်လက်၍ နေ့လည် ၁နာရီခွဲအချိန်တွင် ဂွာန်ဂျူ ဓမ္မယာန ပြည်တော်ဦးကျောင်း ပဓာနနာယက ဆရာတော် ဒေါက်တာ ၀ဏ္ဏထံက ငါးပါးသီးလများ ခံယူ ဆောက်တည်ကြပြီး ကြွရောက်လာကြသော သံဃာတော် အသျှင်သူမြတ်ထံမှ သြ၀ါဒများ ခံယူကြပါသည်။ ၄င်းနောက် အလှူရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ပြီး  ပြုပြုသမျှသော ကုသိုလ်အပေါင်းတို့ကို ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ နတ်၊ လူ သာဓု ခေါ်စေသော်။ 

No comments: