Wednesday, October 9, 2013

ကိုကျော်စွာနှင့် မသက်စံနှင်း (ခ) Jane တို့၏ မင်္ဂလာ ဆွမ်း ဆက်ကပ်လှူဒါန်း


၂၀၁၃ ခုနှစ် အောက်တိုဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ ကိုရီးယား စာနေ့တွင် ကိုကျော်စွာနှင့် မသက်စံနှင်း (ခ) Jane တို့၏ မင်္ဂလာ ဆွမ်းအဖြစ် ဗုဒ္ဓမြတ်စွာဘုရားကို အမှူးထားပြီး ပင့်သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအဖြစ် ဆွမ်း၊ ဘောဇဉ်ခဲဘွယ်တို့ကို ဆက်ကပ် လှူဒါန်းကြပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အား အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံပါသည်။ ပြုသမျှ ကုသိုလ် အပေါင်းကို နတ် လူ သာဓု ခေါ်စေသော်။
ရန်ကုန်မြို့ လမ်းမတော် ၆ လမ်းနေ ဦးထွန်းငွေနှင့် ဒေါ်လှမြင့်တို့၏ သားလတ် မောင်ကျော်စွာနှင့် ကိုရီးယားနိုင်ငံ ဘူဖြောင်းမြို့ ပိတောက်ရိပ် ကဖေးပိုင်ရှင် ဦးဇေမင်းနှင့် ဒေါ်ခင်သက်ဦးတို့၏ သမီးထွေး မသက်စံနှင်း (ခ) Jane တို့၏ မင်္ဂလာ အခမ်းအနားကို လာမည့် အောက်တိုဘာ ၁၃ ရက် တနင်္ဂနွေနေ့ ညနေ ၃ နာရီမှ ၅ နာရီအချိန်အထိ ဘူဖြောင်းဘူတာ အပေါ်ထပ် ၅ လွှာရှိ မင်္ဂလာ ခန်းမဆောင်ကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်ပါသည်။ 

No comments: