Tuesday, January 14, 2014

မြန်မာအသင်း (ကိုရီးယား) နဲ့ ဂျဲဂျူဒိုသို့ သွားကြမယ်။

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား) 
မြန်မာအသင်း (ကိုရီးယား) က လာမည်၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ မှ ဖေဖော်ဝါရီ ၂ နေ့ရက်အထိ ၄ ညအိပ် ၅ ရက် ခရီး၊ ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ ငြိမ်းချမ်းရေးကျွန်း အမည်ကျော် ဂျဲဂျူဒိုကျွန်းသို့ ဒေသန္တရ ခရီးအဖြစ် သွားရောက်လည်ပတ် အပန်းဖြေမှာဖြစ်တဲ့အတွက် လိုက်ပါကြမည့် မြန်မာနိုင်ငံ တိုင်းရင်းသား အပေါင်းတို့က အောက်ပါပုဂ္ဂိုလ်များထံသို့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၂၀ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းကြ ပါရန် နိုးဆော်လိုက်ရပါတယ်။ 

ဂျဲဂျူကျွန်းရှိ အလှအပ နေရာများ၊ ပင်လယ်ပြင် ရေမြုပ် သင်္ဘောတွေ စီးပြီး ပင်လယ်ပြင်အောက် အလှအပတွေကို ကြည့်ရှုရင်း အပန်းဖြေကြရအောင်။ တစ်ခါသွားပြီးတိုင်း နောက်တစ်ခါ ထပ်သွားချင်လောက်အောင် သဘာဝ အလှအပတွေ စုစည်းထားတဲ့ ဂျဲဂျူကျွန်း၊ လေတွေ ပေါ၊ ခဲတွေ ပေါ၊ မိန်းမလှတွေ ပေါတဲ့ ကျွန်း ဂျဲဂျူကျွန်း။ 

- ခရီးစဉ် အစအဆုံးအတွက် - တစ်ဦးလျှင်( ၃ )သိန်းဝမ်၊ 
 - ခရီးစဉ်ကို ( ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ( ၂၆ ) ရက်နေ့ ညနေ ( ၃ ) နာရီအချိန် 
အထိ မြန်မာအသင်း (ကိုရီးယား) ရုံးခန်း အဆောက်အအုံသို့ လာရောက်ကြပါရန်၊ လိုက်ပါမည့်သူများက နိုင်ငံခြားသားကဒ်အမည်၊ ကဒ်အမှတ်နှင့် ဆက်သွယ်ရမည့် ဖုန်းအမှတ်များကိုပါ တစ်ခါတည်း စာရင်းပေးသွင်းကြပါရန် လေးစားစွာ တိုက်တွန်း နိုးဆော် လိုက်ရပါသည်။ 
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် ပြန်ရောက်မည်ဖြစ်ပါသည်။ 

အခု လူဦးရေ ၃၀ ဦးသာ လက်ခံပါတော့မည်ဖြစ်ပါသောကြောင့် အမြန်ဆုံး စာရင်းများ ပေးသွင်းကြပါစို့။ 

- ဦးခင်မောင်ရင် - ဥက္ကဌ ( ၀၁၀ - ၂၇၈၈ - ၇၁၅၃ - (KB bank account - 047 21 0927290 ) 
- ဦးဝင်းနိုင်ဦး - အလုပ်အမှုဆောင် ( ၀၁၀ - ၈၆၄၈ - ၄၅၃၃ - (NH bank account - 302 0430 1771 71 ) 
- ဦးလှမျိုး - အလုပ်အမှုဆောင် (၀၁၀ ၂၈၁၈ ၁၉၈၄ - ( HANA Bank - 331910 103 51907 )

No comments: