Monday, March 17, 2014

Let’s Read English (1)



အင်္ဂလိပ်စာ ဖတ်ရအောင်


Obama Calls Putin To Condemn Actions, Suspends U.S. Participation In G-8 Prep

March 2, 2014 Huff Post


အင်္ဂလိပ်စာဖတ်တတ်အောင် လေ့ကျင့်ဖို့အတွက် ဒီသတင်းကို ဖတ်ကြည့်ပါ။ ဘာသာပြန်ကို အရင်မကြည့်မိအောင် စာပိုဒ်တစ်ပိုဒ်ချင်းအောက်မှာပဲ စကားလုံးတွေရဲ့ အနက်ကိုပေးထားပါ့မယ်။ အရင်ဆုံး ကိုယ့်ဘာသာကိုယ် နားလည်အောင် ဖတ်ကြည့်ပါ။ မသိမှပဲ ဝေါဟာရအဓိပ္ပါယ်ကို ကြည့်ပါ။ ဒါမှ ဖတ်တတ်လာမှာပါ။ အစပိုင်းမှာ ကြုံတတ်တဲ့ အခက်အခဲတွေကို သီးခံကျော်လွှားနိုင်ရင် ၆ လလောက်အတွင်းမှာ သိသိသာသာတိုးတက်လာတာကို လက်တွေ့သိမှာပါ။ ဆရာတော် ဦိးဇောတိက စကားနဲ့ပြောရရင် စဖြစ်ဖို့နဲ့ စွဲမြဲဖို့က အဓိကပါ။

မျဉ်းသားထားတဲ့ အပြာရောင်စကားလုံးတွေကလွဲရင် တခြားမျဉ်းသားပြီး အရောင်ဆိုးထားတာတွေက စကားစုတွဲလိုက် မှတ်သားသင့်တဲ့ဟာတွေ ဖြစ်ပါတယ်။ ၀ိဘတ်တွေကိုတော့ အနီရောင် ခြယ်ပေးထားပါတယ်။ စာရေးသူကိုယ်တိုင်လည်း အချိန်ကရှားပါးလွန်းလို့ ဆိုလိုရင်းကို နားလည်အောင်ပဲ ဘာသာပြန်ပါရစေ။ စာဖတ်သူက ဒီထက်ကောင်းကောင်း ဘာသာပြန်နိုင်အောင် အားထုတ်သင့်ပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။

အလေးအနက် တိုက်တွန်းချင်တာက အလွယ်လိုက်ပြီးတော့ ဘာသာပြန်ကို အရင်မကြည့်ပါနဲ့။ ပေးထားတဲ့ ဝေါဟာရအနက်လောက်ကိုပဲ ကြည့်ပြီးတော့ အနည်းဆုံး သုံးလေးခေါက်တော့ နားလည်အောင် ကြိုးစားဖတ်ပါ။ တစ်ခေါက်ထက်တစ်ခေါက် ပိုနားလည်လာတာကို တွေ့ရမှာပါ။ စမ်းကြည့်ပါ။ ဖြစ်ကိုဖြစ်ပါတယ်။

U.S. President Barack Obama called Russian President Vladimir Putin on Saturday, condemning Russia's escalation of tensions with Ukraine.

(called; phoned ဖုန်းခေါ်တာ။ condemn ရှုတ်ချတာ။ escalate တိုးပွါးလာတာ၊ မြင့်တက်လာတာ။ tensions တင်မာမှုတွေ)


According to a White House release, the phone conversation lasted 90 minutes, with the U.S. calling on Russia to refrain from any further interference to Ukraine's sovereignty. The exchange comes one day after Obama warned Russia on "destabilizing" violations of that nature.

(according to အရ။ press release သတင်းထုတ်ပြန်ချက်။ called on တောင်းဆိုတာ။ refrain ရပ်တန့်တာ။ interfere ၀င်ရောက် စွက်ဖက်တာ။ sovereignty အချုပ်အခြာအာဏာ။ exchange နှစ်ဖက် စကားပြောတာ။ destabilize မတည်မငြိမ်ဖြစ်စေတာ။ violations ချိုးဖောက်တာတွေ)


"President Obama told President Putin that, if Russia has concerns about the treatment of ethnic Russian and minority populations in Ukraine1, the appropriate way to address them is peacefully through direct engagement with the government of Ukraine2 and through the dispatch of international observers under the auspices of the United Nations Security Council3 or the Organization for Security and Cooperation in Europe (OSCE)," the release read.

1.ယူကရိန်းမှာရှိတဲ့ ရုရှားလူနည်းစုတွေအပေါ် ဆက်ဆံတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှု 2. ငြိမ်းငြိမ်းချမ်းချမ်း တိုက်ရိုက်ထိတွေ့ဆက်ဆံမှု 3. ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့သဘောတူညီချက်အရ)


Below, the full readout (via The White House):


President Obama spoke for 90 minutes this afternoon with President Putin of Russia about the situation in Ukraine. President Obama expressed his deep concern over Russia’s clear violation of Ukrainian sovereignty and territorial integrity, which is a breach of international law4, including Russia’s obligations under the UN Charter, and of its 1997 military basing agreement with Ukraine, and which is inconsistent with the 1994 Budapest Memorandum and the Helsinki Final Act5. The United States condemns Russia’s military intervention into Ukrainian territory.

4. နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း 5. လိုက်လျောညီထွေ မရှိခြင်း


The United States calls on Russia6 to de-escalate tensions by withdrawing its forces back to bases in Crimea and to refrain from any interference elsewhere in Ukraine. We have consistently said that we recognize Russia’s deep historic and cultural ties to Ukraine7 and the need to protect the rights of ethnic Russian and minority populations within Ukraine8. The Ukrainian government has made clear its commitment to protect the rights of all Ukrainians and to abide by Ukraine’s international commitments9, and we will continue to urge them to do so.

5. ရုရှားကို တောင်းဆိုတာ 7. နက်ရှိုင်းတဲ့ ဆက်နွှယ်မှု 8. ရုရှားလူနည်းစု အခွင်းအရေးတွေ 9. နိုင်ငံတကာ ကတိက၀တ်တွေကို စောင့်ထိန်းလိုက်နာတာ


President Obama told President Putin that, if Russia has concerns about the treatment of ethnic Russian and minority populations in Ukraine, the appropriate way to address them is peacefully through direct engagement with the government of Ukraine and through the dispatch of international observers10 under the auspices of the United Nations Security Council11 or the Organization for Security and Cooperation in Europe (OSCE). As a member of both organizations, Russia would be able to participate. President Obama urged an immediate effort to initiate a dialogue between Russia and the Ukrainian government, with international facilitation, as appropriate. The United States is prepared to participate.

10. နိုင်ငံတကာ လေ့လာသူတွေကို စေလွှတ်ခြင်း 11. (3) မှာဖော်ပြပြီး


President Obama made clear12 that Russia’s continued violation of Ukraine’s sovereignty and territorial integrity would negatively impact13 Russia’s standing in the international community. In the coming hours and days14, the United States will urgently consult with allies and partners15 in the UN Security Council, the North Atlantic Council, the Organization for Security and Cooperation in Europe, and with the signatories of the Budapest Memorandum16. The United States will suspend17 upcoming participation in preparatory meetings for the G-8. Going forward, Russia’s continued violation of international law will lead to greater political and economic isolation18.

12. အတိအလင်း ပြောကြား 13. ဆိုးကျိုး သက်ရောက်တာ 14. လာလတ္တံ့သော အချိန်တွေမှာ 15. မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်တာ 16. ဘူဒါပက် နားလည်မှုစာချွန်လွှာမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ 17. ဆိုင်းငံ့ထားတာ 18. နိုင်ငံရေးအရရော စီးပွါးရေးအရပါ အထီးကျန်သွားစေလိမ့်မယ်


The people of Ukraine have the right to determine their own future19. President Obama has directed his Administration to continue working urgently with international partners to provide support for the Ukrainian government, including urgent technical and financial assistance20. Going forward, we will continue consulting closely with allies and partners, the Ukrainian government and the International Monetary Fund21, to provide the new government with significant assistance to secure financial stability22, to support needed reforms, to allow Ukraine to conduct successful elections, and to support Ukraine as it pursues a democratic future.

19. သူတို့ကံကြမ္မာကို သူတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့် 20. နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အရေးပေါ် ကူညီထောက်ပံ့မှု 21. နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ 22. ငွေကြေးတည်ငြိမ်မှု ရဖို့အတွက်


ဘာသာပြန်


သမ္မတအိုဘားမားက စနေနေ့မှာ ရုရှားသမ္မတပူတင်နဲ့ ဖုန်းနဲ့ပြောပြီး ရုရှားက ယူကရိန်းနဲ့ တင်းမာမှုတွေဖြစ်လာအောင် တိုးတက်လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ရှုတ်ချလိုက်ပါတယ်။ အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ မိနစ် ၉၀ ကြာ စကားပြောဆိုရာမှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်တာကို ရပ်တန့်ဖို့ ပြောလိုက်တာပါ။ ဒါဟာ အိုဘားမားက ယူကရိန်းကို မတည်မငြိမ်ဖြစ်အောင်လုပ်မဲ့ ချိုးဖောက်မှုတွေ မလုပ်ဖို့ သတိပေးပြီး နောက်တနေ့မှာ အခုလို ဖုန်းနဲ့ပြောလိုက်တာပါ။

ယူကရိန်းမှာရှိတဲ့ ရုရှားလူနည်းစုတွေအပေါ် ဆက်ဆံတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှုရှိတာဆိုရင် လုပ်သင့်တဲ့နည်းလမ်းက ယူကရိန်းအစိုးရနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဒါမှမဟုတ် ဥရောပဆိုင်ရာ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့သဘောတူညီချက်အရ နိုင်ငံတကာလေ့လာသူတွေကို စေလွှတ်တာတွေ လုပ်သင့်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။


အိုဘားမားက ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်စိုးမှုကိုရုရှားရဲ့သိသိသာသာချိုးဖောက်မှုအပေါ် အထူးစိုးရိမ်တဲ့အကြောင်းနဲ့ ဒါဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာပါတဲ့ စည်းမျဉ်းတွေ၊ ၁၉၉၇ ခုနှစ် ယူကရိန်းနဲ့ စစ်အခြေစိုက်စခန်းဆိုင်ရာ သဘောတူညီချက်၊ ၁၉၉၄ ခုနှစ် ဘူဒါပက် နားလည်မှုစာချွန်လွှာနဲ့ ဟယ်လ်ဆင်ကီ အပြီးသတ် စာချုပ်စတဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ကြောင်း၊ ယူကရိန်းကို ရုရှားရဲ့ စစ်ရေးအရ၀င်ရောက်စွက်ဖက်မှုအပေါ် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်က ရုရှားတပ်တွေကို ခရိုင်းမီးယားမှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေကို ပြန်ပြီးရုတ်သိမ်းဖို့နဲ့ ယူကရိန်းရဲ့ ဘယ်နေရာကိုမှ ၀င်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။ မိမိတို့အနေနဲ့ ရုရှားနဲ့ ယူကရိန်းဟာ သမိုင်းအရကော ယဉ်ကျေးမှုအရပါ နက်ရှိုင်းတဲ့ ဖက်နွှယ်မှုနဲ့ ယူကရိန်းမှာရှိတဲ့ လူနည်းစုရုရှားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာတွေကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ယူကရိန်း အစိုးရကလည်း နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို နိုင်ငံတကာကတိက၀တ်တွေအတိုင်း လိုက်နာစောင့်ရှောက် ကာကွယ်သွားမယ့်အကြောင်းနဲ့ နှစ်ဖက်လုံးကို အဲဒီလို လုပ်ဆောင်သွားဖို့ကိုလည်း ဆက်လက်တိုက်တွန်းမယ့်အကြောင်း ပါရှိပါတယ်။

(ဒီစာပိုဒ်အတွက် ဘာသာပြန်အချို့ကို အထက်မှာဖေါ်ပြပြီး)။ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံ ဆွေးနွေးမှုအတွက် နိုင်ငံတကာပံ့ပိုးမှုနဲ့ အတူ အမြန်ဆုံး ကြိုးစားဖို့နဲ့ အမေရိကန်အနေနဲ့လည်း ပူးပေါင်းပါဝင်ရန် အသင့်ရှိပါကြောင်း အိုဘားမားက ပြောလိုက်တာပါ။

ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်စိုးမှုအပေါ်မှာ ဆက်ပြီးဖောက်ဖျက် ကျူးလွန်နေမှုတွေဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ရုရှားရဲ့ ရပ်တည်မှုကို ဆိုးကျိုးတွေ သက်ရောက်လာ လိမ့်မယ်လို့ အိုဘားမားက အတိအလင်း ပြောလိုက်တာပါ။ လာမဲ့ G-8 အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နေမှုတွေကိုလည်း ဆိုင်းငံ့ထားလိုက်မယ်လို့ဆိုပါတယ်။ နိုင်ငံတကာဥပဒေကို ဆက်ပြီးဖောက်ဖျက်ကျူးလွန်နေမှုတွေဟာ ရုရှားရဲ့နိုင်ငံရေးနဲ့ စည်းပွါးရေးတွေကိုပါ ကြီးမားတဲ့ အထီးကျန်မှုတွေဆီ ဦးတည် သွားစေလိမ့်မယ်လို့ ဆိုပါတယ်။

ယူကရိန်းပြည်သူတွေမှာ သူတို့ရဲ့အနာဂတ်ကို သူတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အိုဘားမားက သူ့အစိုးရကို နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆောတလျင် ပူးပေါင်းဆောင်ရွက်ပြီး ယူကရိန်းအစိုးရအတွက် နည်းပညာနဲ့ငွေကြေးဆိုင်ရာ အရေးပေါ် ကူညီထောက်ပံ့မှုတွေပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ ဆက်လက်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ ရွေးကောက်ပွဲတွေ အောင်မြင်အောင် ကျင်းပနိုင်ဖို့နဲ့ ယူကရိန်းရဲ့ ဒီမိုကရေစီအနာဂတ်ဖော်ဆောင်မှုတွေကို ကူညီအားပေးဖို့ ပြောလိုက်ပါတယ်။


Let’s share our knowledge.

သက်နိုင်(၁၆. ၃. ၂၀၁၄)

No comments: