Wednesday, January 19, 2011

အရုဏ်ဆွမ်း အလှူဖိတ်ကြားလွှာ

ကျနော် ထွန်းအောင် (ခေါ်) ဝင်းထွန်း၏ ချစ်လှစွာသော မိခင်ကြီး ဇလွန် ဒေါ်စန်းတင် (၇၁)နှစ် သည် လှိုင်ယာသာမြို့ နေအိမ်၌ ယနေ့ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် သင်္ခါရတရားသဘောအလျောက် ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားပါသည် ။

သို့ပါ၍ ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည့် မိခင်ကြီး ဒေါ်စန်းတင် (ဇလွန်) အားရည်စူးပြီး ဗုဒ္ဓ မြတ်စွာ အမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းနှင့် သင်္ကန်းပရိက္ခရာ အစရှိသည့် အလှူဝတ္ထု အစုစုတို့ ဆက်ကပ်လှူဒါန်းခြင်း ၊ ပရိတ်တရားတော် နာယူခြင်း နှင့် သာဓုအနုမောဒနာပြု အမျှအတန်းပေးဝေခြင်း တို့ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်တော်မူကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည် -

ရက်စွဲ ။ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၃၀ ရက် (တနင်္ဂနွေ)
အချိန် ။ နံနက် ၇ နာရီမှ နေ့လည် ၁၁ နာရီထိ
နေရာ ။ ဓမ္မဒူတ (ကိုရီးယား)


ညှိုးငယ်သော စိတ်ထားဖြင့် -

ကျန်ရစ်သူ သား ထွန်းအောင် (ခေါ်) ဝင်းထွန်း
010 5781 4888
ခေတ္တ ကိုရီးယား
၂၀၁၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်

No comments: