ကိုရီးယား နှစ်သစ်ကူး (설날) ဆောလပိတ်ရက်၌ မြန်မာ
                                ဗုဒ္ဓသာသနာပြု ကျောင်းတော် (ကိုရီးယား)တွင် အောက်ဖော်ပြပါ
                                အလှူရှင်များက အလှူဒါန ပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာမိတ်ဆွေ
                               အပေါင်းအား ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
         (၂.၂.၂၀၁၁)ဗုဒ္ဓဟူးနေ့၊မြင်းခြံ ရွှေညီအစ်ကိုများ အရုဏ်ဆွမ်း---နန်းကြီးသုတ်
                                                                                     နေ့ဆွမ်း---မြန်မာ ထမင်း၊ဟင်း တို့ဖြင့် ဧည့်ခံ ကျွေးမွေးပါမည်။
            (၃.၂.၂၀၁၁)ကြာသာပတေးနေ့၊ကိုသန်းထိုက်ဦး (편텍) ဖြောင်းထက် ညီအစ်ကိုများ
                                                                                     အရုဏ်ဆွမ်း---ခေါက်ဆွဲကြော်
                                                                                     နေ့ဆွမ်း--- --- မြန်မာ ထမင်း၊ဟင်း တို့ဖြင့် ကျွေးမွေးဧည့်ခံ ပါမည်။
        (၄.၂.၂၀၁၁)သောကြာနေ့၊ကိုစိုင်းအေးချို ၊ကိုကျော်စွာဝင်း ၊ကိုရဲဇာ ၊ကိုဇော် ၊ကိုဝင်းထွန်း
                                                                                                ကိုမျိုးခိုင် ၊ကိုသန်းထိုက်နှင့် သူငယ်ချင်းတစုတို့က
                                                                                          အရုဏ်ဆွမ်း---မုန့်ဟင်းခါး
                                                                                          နေ့ဆွမ်း--- ----မြန်မာ ထမင်း၊ဟင်း များဖြင့် ဧည့်ခံ ကျွေးမွေး ပါမည်။
            (၆.၂.၂၀၁၁)တနင်္ဂနွေနေ့၊ကိုမင်းမင်း မှ အရုဏ်ဆွမ်းနှင့်နေ့ဆွမ်း တို့ဖြင့် ဧည့်ခံကျွေးမွေး မည် ဖြစ်ပါသဖြင့်
                           ရပ်ဝေးဒေသမှအလှူရှင်ညီအကိုများ၊ ညအိပ်ညနေလာရောက်ကြမည့်ညီအကိုများအတွက်          အခန်း၊အိပ်ယာ၊စောင်အခင်းများ သန့်စင်ထားပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်  အလှူရှင်များ မှ စားသောက်ဖွယ်ရာအဖြာဖြာတို့ ဖြင့် ဧည့်ခံကျွေးမွေးပြီး  တရားတော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
         တရားပွဲကျင်းပမည့်အချိန် ၊ ၊ နေ့လည်၁နာရီ ခွဲမှ နေ့လည် ၂နာရီ ခွဲအထိ
     ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
                                  ဖုန်း=၀၃၂ - ၅၁၁၂၈၄၁
                                                                                                             
      
Tuesday, January 18, 2011
ကိုရီးယား နှစ်သစ်ကူး အလှူပွဲများ ဖိတ်ကြားလွှာ
Subscribe to:
Post Comments (Atom)
 
 
No comments:
Post a Comment