Wednesday, May 21, 2014

ထွဲဂျိဂွန်ကို မဆုံးရှုံးချင်ရင် လက်မှတ်ထိုးကြစို့!!

ရေးသားသူ — စိုးမိုးသူ

ထွဲဂျိဂွန်ကို မဆုံးရှုံးချင်ရင် လက်မှတ်ထိုးကြစို့!!
ထွဲဂျိဂွန်ကို ဒီမှာပဲ အရယူချင်ရင် လက်မှတ်ထိုးကြစို့!!
အလုပ်သမားအခွင့်အရေးကို အစော်ကားမခံချင်ရင် လက်မှတ်ထိုးကြစို့!!

ရွှေ့ပြောင်းအလုပ်သမားများရဲ့ လုပ်သက်ခံစားခွင့်(ထွဲဂျိဂွန်)ကို
နိုင်ငံတွင်းမှ ထွက်ခွာမှ ပေးမယ့် စနစ် ဖျက်သိမ်းရေးအား
တောင်းဆိုသည့် လက်မှတ်ထိုး ကင်ပိန်းကို ပူးပေါင်းပါဝင်လိုသူများအနေဖြင့်
ဒီဆိုဒ်ကို သွားပါ။
 www.migrantwin.org
အမည်၊
ဖုန်းနံပတ်၊
မေးလိပ်စာ၊
နောက်ဆုံးအကွက်က Anti-spam နံပတ်၅လုံးကို ရေးပြီး
joinကို နှိပ်ရင် မတရားတဲ့ ဥပဒေကို ကန့်ကွက်တဲ့ တာဝန်ကျေပြီ။
နိုင်ငံပေါင်းစုံမှ ရွှေ့ပြောင်း အလုပ်သမားများ၊
ထောက်ခံသူကိုရီးယားများ တက်ကြွစွာ လက်မှတ်ထိုးနေကြပါပြီ။
ကိုရီးယားရောက် မြန်မာအလုပ်သမားများအနေဖြင့်လည်း
ဒီလက်မှတ်ထိုး ကင်ပိန်းကို
ကိုရီးယား၊ နိုင်ငံတကာနှင့် မြန်မာပြည်ရှိ မိတ်ဆွေ အပေါင်းအသင်း မိဘ ဆွေမျိုး မောင်နှမများ အားလုံး မည်သူမဆို ပူးပေါင်းပါဝင်ပေးဖို့  နှိုးဆော်ပေးကြပါ၊ ဖြန့်ဝေပေးကြပါ။
ရည်မှန်းထားသည့် အရေအတွက်ဖြစ်သည့် လူဦးရေ တသိန်း၏ တောင်းဆိုလက်မှတ်များဖြင့် ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမားများရဲ့ အလုပ်သမားအခွင့်အရေးကို ၀ိုင်းဝန်းရယူပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

 

No comments: