Wednesday, July 30, 2008

လုပ်ငန်းခွင်တွင်း ကျန်းမာရေးအတွက် သိသင့်သိထိုက်သည်များ အပိုင်း(၄)

ကိုယ်အင်္ဂါအတွင်းဆိုင်ရာ ဆိုးကျိုးများ



(၁)အာရုံကြောစနစ်များ

အာရုံကြောအားဆိုးရွားစေသောသံမှုန်များ၊ဓာတုပစ္စည်းများနှင့်အတူကာလကြာမြင့်စွာရောယှက်နေထိုင်မိပါက
ပင်ပန်းခြင်း၊အိပ်မပျော်ခြင်း၊ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ပျို့ခြင်းတို့ဖြစ်ပွားစေသည်သာမကစိတ်နေစရိုက်ပါ
ပြောင်းလဲနိုင်သည်။ပို၍ဆိုးရွားပါကလက်၊ခြေတို့၏ခံစားမှုအာရုံများလျော့နည်းကာလက်၊ခြေတို့၏လှုပ်ရှားနိုင်
စွမ်းသည်လည်းကျဆင်းလာသည်။ကိုရီးယားနိုင်ငံတွင်အလုပ်လုပ်ကိုင်သောထိုင်းအမျိုးသမီးအလုပ်သမားများ
သည်ဓာတုပစ္စည်းများအဆိပ်သင့်မှုကြောင့်လမ်းမလျှောက်နိုင်ဖြစ်သည့်မသန်မစွမ်းရောဂါဖြစ်ပွားခဲ့သည့်ဖြစ်
ရပ်ရှိခဲ့သည်။


(၂)အဆုတ်
အမျိုးမျိုးသောဓာတုပစ္စည်းများသည်လုပ်ငန်းခွင်တွင်ပန်းနာရောဂါဖြစ်စေပြီးအရင်ကဖြစ်ခဲ့သောပန်းနာ
ရောဂါကိုလည်းပိုမိုဆိုးရွားစေသည်။လုပ်ငန်းခွင်တွင်းဖြစ်ပွားသည်ပန်းနာရောဂါ၏လက္ခဏာများသည်
ချောင်းဆိုးခြင်း၊အသက်ရှူသည့်အခါလေချွန်သံမြည်သည့်ရောဂါ၊ရင်ကြပ်ရောဂါ၊အသက်ရှူခက်ခဲသည့်ရော
ဂါ၊ပင်ပန်းနွမ်းနယ်မှုကြီးမားခြင်းတို့ဖြစ်သည်။လုပ်ငန်းခွင်တွင်းဖြစ်ပွားသည့်ပန်းနာရောဂါရရှိသူသည်
အလုပ်စတင်လုပ်ကိုင်ပြီးသိပ်မကြာခင်တွင်ရောဂါလက္ခဏာဖြစ်ပေါ်ပြီးလုပ်ငန်းခွင်မှထွက်ခွာပါကရောဂါ
လက္ခဏာသည်ပျောက်ဆုံးသွားသည်။လုပ်ငန်းခွင်တွင်းပန်းနာရောဂါသည်အလုပ်မလုပ်သည့်အခါတွင်ရောဂါ
လက္ခဏာမရှိဖြစ်ပြီးအလုပ်စတင်လုပ်ကိုင်သည့်အခါမှသာပန်းနာရောဂါလက္ခဏာသည်ပြန်လည်ပေါ်ပေါက်
လေ့ရှိသည်။ပန်းနာရောဂါသည်ရက်သတ္တတပတ်အစတွင်စတင်ဖြစ်ပေါ်ကာတဖြေးဖြေးဆိုးရွားလာပြီးရက်သတ္တတ
ပတ်အဆုံးတွင်မူပျောက်ကွယ်သွားလေ့ရှိသည်။

(၃)အသည်း
ဓာတုပစ္စည်း၏အဆိပ်ကြောင့်အသည်းပျက်စီးခြင်းဖြစ်ရသည်။အသည်းပျက်စီးခြင်းသည်ပိုမိုဆိုးရွားလာပါကအ
သက်ဆုံးရှုံးသည်အထိဖြစ်ရသည်။၂၀၀၇ခုနှစ်တွင်ရွှေ့ပြောင်းအလုပ်သမားတဦးသည်အသည်းပျက်စီးခြင်း
ရောဂါကြောင့်အသက်ဆုံးရှုံးခဲ့ဖူးသည်။အသည်းပျက်စီးသော်လည်းထူးခြားသည့်ခံစားမှုမရှိပေ။
သို့သော်ကာလကြာမြင့်စွာအအေးမိခြင်း၊အားမရှိဖြစ်ခြင်းသို့မဟုတ်ခံတွင်းပျက်ပြီးမျက်စိသား
အိမ်ဖြူသည်အ၀ါရောင်သို့ပြောင်းလဲလာပါကအသည်းစတင်ပျက်စီးခြင်းဖြစ်သဖြင့်ဆေးရုံသို့အမြန်သွား
ရောက်ကုသရမည်။

(၄)အရေပြား
သံမှုန်သို့မဟုတ်ဓာတုပစ္စည်းသည်အရေပြားတွင်ပေကျံပါကစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းသို့မဟုတ်မီးလောင်
ကျွမ်းခြင်းခံရသလိုအရေပြားကွာခြင်း၊အရည်ကြည်ဖုများဖြစ်သည့်အရေပြားရောဂါနှင့်ယားယံခြင်း
သို့မဟုတ်အရေပြားသည်နီမြန်းလာကာအရေကြည်ဖုများဖြစ်သောယားနာများလည်းဖြစ်ပွားနိုင်သည်။

(၃)ဆူညံသံ


ဆူညံသံများသည်မလိုလားအပ်သောအသံဖြစ်သည်။
များစွာသောလုပ်ငန်းခွင်များတွင်ဆူညံသောအသံများဖြစ်ပွားလေ့ရှိပြီးအကြားစွမ်းရည်အားကျဆင်းစေသည်။
ဆူညံသံသည်နားတွင်းရှိအသံနားထောင်သောအာရုံကြောအားပျက်စီးစေသည်။
အသံနားထောင်သောအာရုံကြောသည်မြက်ခင်းပြင်ရှိမြက်နှင့်အသွင်တူသည်။
မြက်ခင်းပြင်ပေါ်မော်တော်ကားဖြတ်သန်းပါကမြက်များညွှတ်ဆင်းပြီးမော်တော်ကားဖြတ်သန်းပြီးပါကမြက်များ
ပြန်လည်ထောင်မတ်ကြသည်။
အကယ်၍လေးလံသောမော်တော်ကားသည်ဆက်တိုက်မြက်ခင်းပြင်ပေါ်ဖြတ်သန်းပါကအောက်တွင်အနင်းခံမြက်
များသည်ဆက်တိုက်လဲနေရာမှနောက်ဆုံး၌သေဆုံးရသည်။
ဆိုးရွားလွန်းသောဆူညံသံများသည်မြက်ခင်းပြင်ပေါ်ဖြတ်သန်းသည့်လေးလံသောကား၏ဖြစ်ပေါ်စေနိုင်စွမ်း
ကဲ့သို့ပင်နားတွင်းရှိအကြားအာရုံကြောအားဆိုးကျိုးကိုဖြစ်စေသည်။


၃)လုပ်ငန်းခွင်တွင်းဖြစ်ပွားသောအန္တရာယ်ဖြစ်စေသည့်အရာများနှင့်
ပတ်သက်ပြီးကျန်းမာရေးချို့ယွင်းမှုအား
သံသယဖြစ်သောအခါ

လုပ်ငန်းခွင်တွင်းဖြစ်ပွားသည့်အန္တရာယ်ဖြစ်စေသည့်အရာများကြောင့်ဖြစ်ပွားသောကျန်းမာရေးချို့ယွင်းမှုသည်
အဆိုပါအန္တရာယ်ဖြစ်စေသည့်အရာ၏အမျိုးအစားပေါ်မူတည်၍အမျိုးမျိုးရှိလေရာဆရာဝန်သည်လည်းလွယ်ကူ
စွာသိမြင်နိုင်ရန်ခဲယဉ်းလှသည်။သို့သော်အောက်ပါအခြေအနေမျိုးများတွင်လုပ်ငန်းခွင်တွင်းရရှိသည့်ရောဂါအ
ဖြစ်သံသယဖြစ်နိုင်သည်။
(၁)လုပ်ငန်းခွင်တွင်းအတူလုပ်ကိုင်သောလုပ်ဖော်ကိုင်ဘက်များသည်လည်းအများအားဖြင့်ခံစားရသောဝေဒနာ
နှင့်ရောဂါသည်တူညီသောအခါ
(၂)အမှုန်များများစွာလွင့်စင်နေသောလုပ်ငန်းခွင်တွင်အသက်ရှူပြွန်ဆိုးဝါးလာခြင်း၊လေးလံသောပစ္စည်း
များမသည့်အခါခါးနာခြင်းစသည့်မည်သူမဆိုလုပ်ငန်းခွင်တွင်းရရှိသည့်ရောဂါဟူ၍သံသယဖြစ်နိုင်သော
ဝေဒနာကဖြစ်ပေါ်သည့်အခါ
(၃)အလုပ်လုပ်သည့်အခါဝေဒနာကပိုမိုဆိုးဝါးလာပြီးအနားယူသည့်အခါသက်သာသောအခါ၊ထိုအလုပ်အား
မလုပ်ကိုင်မီကမရှိခဲ့သည့်ရောဂါမျိုးရရှိသည့်အခါ
(၄)မိမိလုပ်ကိုင်နေသောအလုပ်မှလွဲ၍အခြားသောရောဂါဖြစ်စေနိုင်သည့်အရာများမရှိသည့်အခါ

No comments: