Wednesday, July 30, 2008

လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိခြင်းမှကြိုတင်ကာကွယ်ခြင်း

များစွာသော ရွှေ့ပြောင်းအလုပ်သမားများသည်“ကံဆိုးသူသာလျှင်ထိခိုက်ဒဏ်ရာရသည်”ဟုထင်ကြသည်။
ဒါဟာအမှန်ပါပဲလား?
အသုံးပြုနေသော စက်တွင်စက်ချက်ချင်းရပ်တန့်စေသည်အရေးပေါ်ခလုပ်များသေချာတပ်ဆင်ထားသည်
ဆိုလျှင်?
အလုပ်လုပ်ကိုင်နေသောစက်ရုံတွင်လုပ်ငန်းခွင်တွင်းအန္တရာယ်ကင်းစေခြင်းဆိုင်ရာသင်တန်းအားသင်ကြား
ပေးခြင်းရှိခဲ့သည်ဆိုလျှင်?
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အန္တရာယ်အကာအကွယ်ပိုက်ကွန်များကောင်းစွာတပ်ဆင်ထားသည်
ဆိုလျှင်?
အကာအကွယ်ဝတ်စုံများ၊ကိရိယာများအား ကောင်းစွာဝတ်ဆင်ခြင်း၊တတ်ဆင်ခြင်းရှိသည်ဆိုလျှင်?
ဒီလိုအခါမှာလည်းပဲ ထိခိုက်မှုများ ဖြစ်ဦးမလား?
ထိခိုက်မှုဟူသည်အလုပ်သမား၏မှားယွင်းမှုကြောင့်သာလျှင်ဖြစ်ပေါ်ပေါက်ရခြင်းမဟုတ်ပေ။
လုံခြုံမှုကင်းမဲ့သော လုပ်ငန်းခွင်၊ အန္တရာယ်ရှိသောစက်နှင့် လုပ်ငန်းခွင်သုံးပစ္စည်းများ၊
ထို့အပြင် လုံခြုံရေးဆိုင်ရာ သတိပေးစည်းကမ်းများအား မစောင့်စည်းခြင်း စသည်တို့သည်
လည်း ထိခိုက်ဒဏ်ရာရရှိနိုင်ခြင်း၏ အကြောင်းရင်းများ ဖြစ်နိုင်သည်။
စက်များမောင်းနှင်နေစဉ်၊ အဆိပ်သင့်ဓာတုပစ္စည်းများအသုံးပြုနေစဉ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌
ဖြစ်ပေါ်ပေါက်သည့် ထိခိုက်မှုများသည် အများအားဖြင့် ဖြစ်သဖြင့် အထူး သတိထားရန် လိုအပ်သည်။



၁) စက်မောင်းနှင်နေစဉ်တွင် ဖြစ်ပေါ်ပေါက်လေ့ရှိသော ထိခိုက်မှု


စက်မောင်းနှင်နေစဉ်ဖြစ်ပွားသည့်ထိခိုက်မှုအားကာကွယ်ရန်အတွက်စက်များတွင် အရေးပေါ်လုံခြုံရေးခလုပ်များတပ်ဆင်ထားရှိခြင်းသည်အရေးအကြီး
ဆုံးဖြစ်သည်။
စစ်သားမှအသုံးပြုသည့်လက်နက်အားပြုလုပ်သည့်
အခါတွင်လည်းစစ်သားမှလက်နက်အားအသုံးပြုနေစဉ်ထိခိုက်မှုမရှိအောင်အမျိုးမျိုးသောလုံခြုံရေးခလုပ်
များတပ်ဆင်ထားရှိပါသည်။
အလုပ်သမားမှအသုံးပြုသည့်စက်အားပြုလုပ်သည့်အခါတွင်လည်းအလုပ်သမားမှစက်မောင်းနှင်နေစဉ်
ထိခိုက်ဒဏ်ရာရခြင်းမရှိအောင်လုံခြုံရေးခလုပ်များတပ်ဆင်ထားရှိရမည်ဖြစ်သော်လည်းထိုသို့ပြုလုပ်ခြင်း
မရှိသည်ကားများလှသည်။
ထိုသို့လုံခြုံရေးခလုပ်မရှိသည့်စက်များအားမောင်းနှင်ရသည့်အခါတွင်အမြဲတမ်းသတိထားရန်လိုအပ်လှသည်။
စက်မောင်းနှင်စဉ်ဖြစ်ပေါ်ပေါက်လေ့ရှိသည့်ထိခိုက်မှုအမျိုးအစားများသည်အောက်ပါအတိုင်းဖြစ်ကြသည်။

က) ပရက်စ်စက်မောင်းနှင်နေစဉ်တွင် ဖြစ်ပေါ်ပေါက်နိုင်သော ထိခိုက်မှု


ဖိဖြတ်ပြီးလုပ်ရသောစက်မျိုးတွင်လက်ညပ်နိုင်သောထိခိုက်မှုများဖြစ်ပေါ်လေ့ရှိသည်။စက်မောင်းနေရင်း
အိပ်ငိုက်ခြင်းဖြစ်ပြီးဖိဖြတ်ရသောစက်၌လက်ကို
အသွင်းအထုတ်လုပ်ရာမှညှပ်ခြင်းဖြစ်ပေါ်ရသည်။စက်မောင်းနေရင်းအခြားကိစ္စအကြောင်းအရာများတွေး
တောနေခြင်းကြောင့်လည်းလက်ညှပ်နိုင်သည်။
စက်ပြင်နေစဉ်အခြားသူမှမသိသဖြင့်ခလုပ်ဖွင့်လိုက်ရာမှစက်ပြင်နေသူအလုပ်သမား၏လက်ပြတ်ရခြင်း
လည်းရှိသည်။စက်မောင်းနှင်နည်းမကျွမ်းကျင်မှုနှင့်စက်မောင်းနှင်နည်းကောင်းစွာမသိမှုတို့ကြောင့်
ထိခိုက်မှုများဖြစ်ပေါ်နိုင်သည်။
ထို့ကြောင့်ပရက်စ်စက်မောင်းနှင်စဉ်ထိခိုက်မှုဖြစ်ပွားခြင်းမှကာကွယ်ရန်နည်းလမ်းများမှာ
အောက်ပါအတိုင်းဖြစ်သည်။
၁-စက်မောင်းနှင်နည်းအားကောင်းစွာသင်ကြားထားရမည်ဖြစ်သည်။ကောင်းစွာမသိပါကအခြားသူအား
မေးမြန်း
ရမည်ဖြစ်ပြီးကောင်းစွာမသိသောစက်အားမောင်းနှင်ခြင်းမပြုရ။
၂-စက်မောင်းနှင်နေစဉ်အလွန်အိပ်ချင်မူးတူးဖြစ်လာပါကလုပ်ငန်းအားချက်ချင်းရပ်တန့်ပြီး
အနားယူရပါမည်။
ခန္ဓာကိုယ်သည်ပင်ပန်းနေသည့်အခါမျိုးတွင်အာရုံစူးစိုက်မှုလျော့နည်းပြီးမှားယွင်းမှုများဖြစ်ခြင်းကြောင့်
ထိခိုက်မှုများဖြစ်ပေါ်ရသဖြင့်အနားယူရမည်ဖြစ်သည်။
၃-စက်မောင်းနှင်နေစဉ်အခြားအကြောင်းအရာများတွေးတောနေခြင်းမပြုရပေ။
စက်မောင်းနှင်နေစဉ်အာရုံစူးစိုက်မှုမပြုပါကထိခိုက်မှုများဖြစ်ပေါ်နိုင်သည်။
၎-စက်ပြင်နေစဉ်လျှပ်စစ်ခလုပ်အားပိတ်ထားရမည်ဖြစ်သည်။အခြားသူများအားလည်းစက်ပြင်နေကြောင်း
အသိပေးထားရမည်ဖြစ်ပြီးစက်ပြင်နေစဉ်အခြားသူမှစက်မောင်းနှင်ခြင်းမပြုနိုင်အောင်အထူးဂရုပြုရမည်
ဖြစ်သည်။

ခ) ကွန်ပဲယား၊ဒရင်းလ် မောင်းနှင်စဉ် ဖြစ်ပေါ်ပေါက်နိုင်သော ထိခိုက်မှု


လည်ပတ်နေသောစက်အကြားလက်ညပ်ခြင်း၊လက်အိပ်၊အ၀တ်စ စသည် စက်များအကြားညပ်ခြင်းဖြင့်
ထိခိုက်မှုဖြစ်ပေါ်နိုင်သည်။ဆံပင်အားသေသပ်စွာစီးနှောင်ခြင်းမပြုပဲစက်မောင်းနှင်သည့်အခါမျိုးတွင်လည်း
ဆံပင်များစက်အကြားညပ်ပြီးထိခိုက်မှုများဖြစ်ပွားနိုင်သည်။
ပရက်စ်စက်မောင်းနှင်သည့်အခါမျိုးနှင့်အတူတူစက်မောင်းနှင်နည်းအားမသိသည့်အခါမျိုးနှင့်စက်ပြင်နေ
သည့်အခါမျိုးတွင်အခြားသူမှစက်မောင်းနှင်ခြင်းဖြင့်
ထိခိုက်မှုဖြစ်ပွားခြင်းမရှိရန်သတိထားရမည်ဖြစ်သည်။ ကွန်ပဲယားနှင့်ဒရင်းလ်မောင်းနှင်နေစဉ်ဖြစ်ပေါ်ပေါက်ရသည့်ထိခိုက်မှုများအားကြိုတင်ကာကွယ်နည်းများမှာ
အောက်ပါအတိုင်းဖြစ်သည်။

၁-ကွန်ပဲယား၊ဒရင်းလ်စက်များအားမောင်းနှင်နေစဉ်အ၀တ်စ၊လက်အိပ်၊ဆံပင်စသည်တို့စက်များအကြား
ညပ်ပါခြင်းဖြင့်ထိခိုက်မှုများဖြစ်ပေါ်ပေါက်နိုင်သဖြင့်ထိုသို့မဖြစ်ပေါ်ပေါက်အောင်အထူးဂရုပြုရမည်
ဖြစ်သည်။
၂-စက်အကြားကိုယ်ခန္ဓာညပ်ပါသွားသည့်အခါစက်အားချက်ချင်းရပ်တန့်နိုင်ရန်စက်၏အရေးပေါ်ခလုပ်
တည်ရှိရာနေရာအားကြိုတင်သိရှိထားရမည်ဖြစ်သည်။
၃-၀ါဂွမ်းဖြင့်ပြုလုပ်သည့်လက်အိပ်အားဒရင်းလ်အသုံးပြုစဉ်အသုံးပြုပါကဒရင်းလ်စက်တွင်လွယ်ကူစွာ
ညပ်ပါနိုင်သည်။
ထို့ကြောင့်လက်ညစ်ပေစေသော်ငြားလည်းလက်အိတ်မပါပဲဒရင်းလ်စက်အားမောင်းနှင်ခြင်းသည်ဝါဂွမ်း
လက်အိတ်အားအသုံးပြုခြင်းထက်စာလျှင်ပိုမိုလုံခြုံစိတ်ချရသည်။

ဂ)ဓာတုပစ္စည်းများအသုံးပြုစဉ်ဖြစ်ပေါ်ပေါက်သောထိခိုက်မှု


ဓာတုပစ္စည်းများအသုံးပြုစဉ်ဖြစ်ပေါ်နိုင်သောထိခိုက်မှုများမှာပေါက်ကွဲမှုကြောင့်မီးလောင်ခြင်း၊ဂက်စ်
ယိုစီးခြင်း၊ယင်းဓာတုပစ္စည်းများမျက်လုံး၊အသားအရည်နှင့်ထိတွေ့သဖြင့်ဖြစ်ပေါ်ပေါက်သောထိခိုက်မှု
စသဖြင့်ဖြစ်သည်။
ဓာတုပစ္စည်းများအသုံးပြုစဉ်ဖြစ်ပေါ်ပေါက်သောထိခိုက်မှုအားကာကွယ်နည်းများမှာ
အောက်ပါအတိုင်းဖြစ်သည်။
၁)ပေါက်ကွဲနိုင်သည့်ဓာတုပစ္စည်းများအနီးအနားတွင်ဆေးလိပ်သောက်ခြင်း၊ဂဟေဆက်ခြင်းစသည့်မီးစ
မီးပွားများဖြစ်ပေါ်စေသည့်လုပ်ငန်းများအားမပြုလုပ်ခြင်းနှင့်သတိထားခြင်းတို့အားပြုလုပ်ရမည်။
၂)အချို့သောဓာတုပစ္စည်းများသည်မီးပွားကြောင့်မဟုတ်ပဲဓာတ်ပြုပြီးပေါက်ကွဲနိုင်သောကြောင့်ဓာတု
ပစ္စည်းများပါရှိသောပစ္စည်းများအားသတိပြုကိုင်တွယ်ရမည်။
၃)အသားအရေလောင်ကျွမ်းနိုင်သောဓာတုပစ္စည်းအမျိုးအစားများလည်းများစွာရှိသဖြင့်တိုက်ရိုက်ထိတွေ့
ခြင်းအားရှောင်ရှားသင့်ပြီးအများအားဖြင့်မျက်စိတွင်းဝင်ရောက်ပြီးမျက်လုံးပျက်စီးနိုင်သဖြင့်လွင့်စင်လာခြင်း
များအားအထူးသတိထားရမည်။
၎)ဓာတုပစ္စည်းများအားမျက်နှာဖုံး၊လက်အိပ်စသည်အကာအကွယ်ပေးသည့်ပစ္စည်းများအားဝတ်ဆင်ပြီး
အသုံးပြုရမည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင်ဖြစ်ပေါ်ပေါက်သောထိခိုက်မှု

၁) အမြင့်မှ ပြုတ်ကျခြင်း


ဆောက်လုပ်ရေးလုပ်ငန်းများတွင်အကြိမ်များစွာဖြစ်ပေါ်လေ့ရှိသောထိခိုက်မှုသည်အမြင့်မှပြုတ်ကျ
ခြင်းဖြစ်သည်။ဆောက်လုပ်ရေးလုပ်ငန်းဟူသည်အလုပ်သမားသည်အမြင့်တက်၍လုပ်ငန်းလုပ်ကိုင်ရ
သည်ဖြစ်ပြီးဆောက်လုပ်နေဆဲအဆောက်အဦရှိငြမ်းများမှပြုတ်ကျနိုင်သည့်အန္တရာယ်များရှိသည်။
လုပ်ငန်းရှင်မှအန္တရာယ်ရှိသည့်နေရာနှင့်ပတ်သက်သည့်သတိပေးသည့်တာဝန်အားကျေပြွှန်ရမည်မှာ
မှန်သော်လည်းထိုသို့မလုပ်ကိုင်သောအခြေအနေမျိုးသည်များလှသဖြင့်အလုပ်သမားသည်
မိမိဘာသာအထူးသတိထားလုပ်ကိုင်ခြင်းသည်လိုအပ်လှသည်။

၂) ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပိခြင်း၊ပျိုကျခြင်း


ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအားကရိန်းစသည့်စက်များအသုံးပြု၍အမြင့်သို့သယ်ယူလေ့ရှိသည်။
ထိုသို့အမြင့်သို့သယ်ယူရင်းဆောက်လုပ်ရေးပစ္စည်းများပြုတ်ကျလေ့ရှိသည်။ထို့ကြောင့်ဆောက်လုပ်ရေး
ပစ္စည်းများအောက်ပိခြင်းထိခိုက်မှုမျိုးဖြစ်ပေါ်ရပြီးထိုသို့အမြင့်မှပြုတ်ကျသောပစ္စည်းများသည်
မူလအလေးချိန်ထက်ပိုပြီးပြင်းထန်စွာထိခိုက်မှုအားဖြစ်စေသဖြင့်ထိခိုက်မှုအပြင်းစားပင်ဖြစ်သည်။
ထို့ကြောင့်အလုပ်သမားအနေဖြင့်အကာအကွယ်ဦးထုပ်၊ဖိနပ်စသည့်အကာအကွယ်ပေးသည့်ပစ္စည်းများ
အမြဲဝတ်ဆင်ပြီးလုပ်ကိုင်ရန်အထူးလိုအပ်လှသည်။

၃) လျှပ်စစ်ဓာတ်လိုက်ခြင်း



ဆောက်လုပ်ရေးလုပ်ငန်းများတွင်များစွာသောဆောက်လုပ်ရေးလုပ်ငန်းသုံးကိရိယာများသည်လျှပ်စစ်အား
အသုံးပြုပြီးလည်ပတ်ရသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိဓာတ်ကြိုးများသည်ကောင်းစွာမထိမ်းသိမ်းပါက
ဓာတ်ကြိုးများပေါက်ထွက်ခြင်းများဖြစ်ကြရသည်။
ထိုအခါဓာတ်လိုက်ခြင်းများဖြစ်ပေါ်ရပြီးအထူးသဖြင့်နွေရာသီတွင် ရေစက်များများပြားမှုကြောင့်အန္တရာယ်
ဖြစ်နိုင်ချေသည်ပိုမိုမြင့်မားသည်။

၎ အခြား အမျိုးမျိုးသောထိခိုက်မှုများ


လုပ်ငန်းခွင်တွင်းအခြားထိခိုက်နိုင်မှုများရှိသည်အနက်အများအားဖြင့်ကြမ်းပြင်သည်ချောမွတ်သဖြင့်လဲကျခြင်း
နှင့်ကြမ်းပြင်ရှိပစ္စည်းများနှင့်ငြိပြီးလဲကျခြင်းစသည်တို့ရှိကြသည်။
လုပ်ငန်းခွင်တွင်းကြမ်းပြင်သည်ချောသဖြင့်လဲကျနိုင်ပြီးရှေ့ကိုမမြင်ရလောက်အောင်ပစ္စည်းများမတင်သယ်
ဆောင်စဉ်ကြမ်းပြင်၌ချထားသောပစ္စည်းနှင့်ငြိပြီး
လဲကျနိုင်သည်။လုပ်ငန်းခွင်ကြမ်းပြင်၌ရေစက်များအားရှင်းလင်းပြီးလူသွားလူလာများသောနေရာများတွင်
ပစ္စည်းများနေရာချထားခြင်းမပြုရပေ။

No comments: