Saturday, July 12, 2008

မြန်မာနိုင်ငံတွင် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲကျင်းပရန်ရှိ

လာမည့် စက်တင်ဘာလ ၂၁ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကိုရီးယားဘာသာ အရည်ချင်းစစ် စာမေးပွဲများ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ဇူလိုင် ၁၁ ရက်နေ့ ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာ ၏ ဖော်ပြချက်အရသိရှိရသည်။

ထိုသတင်းစာ၏ ဖော်ပြချက်တွင် အရည်ချင်းစစ် စာမေးပွဲသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကိုရီးယားဘာသာ အခြေခံအဆင့်၊ အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့် ဟူ၍ အဆင့်၃ခုဖြင့် ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရှိရသည်။

ထိုသတင်းနှင့် ပတ်သက်၍ ကိုရီးယားနိုင်ငံ အင်တာနက် သတင်းဋ္ဌာန တခုဖြစ်သော NEWSIS သတင်းဋ္ဌာနမှ ရေးသားဖော်ပြမှုတွင် ယခုလို မြန်မာနိုင်ငံတွင် ကိုရီးယားဘာသာ အရည်ချင်းစစ် စာမေးပွဲ ပြုလုပ်ရခြင်းမှာ ပြီးခဲ့သည် ၂၀၀၇ခုနှစ် က ကိုရီးယားနှင့် မြန်မာ အလုပ်သမားဝန်ကြီး ဋ္ဌာန အချင်းချင်း သဘောတူညီမှုပြုလုပ်ထားသည့် အတိုင်း ကိုရီးယားနိုင်ငံသို့ တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူများအား ကိုရီးယားဘာသာ အရည်ချင်းစစ်စာမေးပွဲ ပြုလုပ်ရမည်ဆိုသည့် သဘောတူညီချက်အရ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ထို့အပြင် ကိုရီးယားနိုင်ငံ ဂျော်နာမ် တက္ကသိုလ်နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းကာ ကိုရီးယား မြန်မာ အဘိဓါန် စာအုပ်ကိုလည်း ပြုစုထုတ်ဝေရန် သဘောတူညီခဲ့ ကြသည်ဟုလည်း ဖော်ပြပါရှိသည်။

No comments: