သတင်း ၁ စက်တင်ဘာလအတွင်းကျင်းပခဲ့ကြသည့် ရွှေ့ပြောင်းအလုပ်သမားပွဲတော်များ
သတင်း ၂ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကိုယ့်စရိတ်ကိုယ်ခံစနစ် ကျင့်သုံးရတော့မည်
သတင်း ၃ `အားလုံး´စာကြည့်တိုက်ဖွင့်ပွဲ
သတင်း ၄ MWTVရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနလှုပ်ရှားမှုများ
သတင်း ၅ `၀ီအာဂျာ´ဝေမျှခြင်းပွဲတော်
သတင်း ၁ စက်တင်ဘာလအတွင်းကျင်းပခဲ့ကြသည့် ရွှေ့ပြောင်းအလုပ်သမားပွဲတော်များ
လွန်ခဲ့တဲ့စက်တင်ဘာ၂၈ရက်နေ့က ဘူချွန်းမြို့မှာနေထိုင်အလုပ်လုပ်ကိုင် ကြတဲ့မြန်မာ၊ သီရိလင်္ကာ၊ တရုတ်၊ မွန်ဂို အစ ရှိသည့်၆နိုင်ငံမှရွှေ့ပြောင်း အလုပ်သမားများဟာကိုရီးယားပြည်သူများနှင့်အတူ We Love Bucheon ပွဲတော်ကို ပြုလုပ်ခဲ့ကြပါတယ်။ဘူချွန်းမြို့ မြို့တော်ခန်းမရှေ့မြက်ခင်းပြင်မှာ မနက်၁၀နာရီမှစတင်ပြီး ကျင်းပခဲ့တဲ့ အဲဒီပွဲတော်မှာ နိုင်ငံအသီး သီးရဲ့ ယဉ်ကျေးမှုပြပွဲများနှင့် ရိုးရာအစားအစာများကိုခင်းကျင်း ပြသရောင်းချခဲ့ပြီး နိုင်ငံအသီးသီးတို့ရဲ့ ယဉ် ကျေးမှုဖလှယ်မှုများအား ပြုလုပ်ခဲ့ကြပါတယ်။
ထို့ပြင် အင်ချွန်းမြို့ ချိုင်းနားတောင်းမှာလည်းပဲ လွန်ခဲ့တဲ့ စက်တင်ဘာ၂၆ရက်မှ ၂၈ရက်နေ့အထိ အင်ချွန်း “တရုတ်များနေ့”ဆိုတဲ့ ယဉ်ကျေးမှုပွဲတော်ကို ကျင်းပခဲ့ပါ တယ်။ အဲဒီပွဲတော်မှာ တရုတ်ညဈေးတန်း၊ တရုတ် အစားအစာချက်ပြုတ်ခြင်းအစရှိတဲ့ ပြိုင်ပွဲများကိုပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူများရဲ့ စိတ်ပါဝင်စားမှုများကို ရယူ နိုင်ခဲ့ကြပါတယ်။
ဒါ့အပြင် အန်ဆန်း၊မာဆောက်စတဲ့ ရွှေ့ပြောင်းအလုပ်သမားများ အများစုနေထိုင်ကြတဲ့ဒေသတွေမှာလည်း ရွှေ့ပြောင်း အလုပ်သမားများဟာ ဒေသခံ ပြည်သူများနှင့်အတူ နိုင်ငံစုံယဉ်ကျေးမှုပွဲတော်များကို ပူးပေါင်း ကျင်းပခဲ့ကြပြီး တဦးနှင့် တဦးနားလည်မှုနှင့် လိုက်လျောညီထွေစွာ နေထိုင်စေနိုင်မှုစတဲ့ အခြေအနေတွေကို ဖန်တီးနိုင်ခဲ့ကြပါတယ်။
သတင်း ၂ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကိုယ့်စရိတ်ကိုယ်ခံစနစ် ကျင့်သုံးရတော့မည်
လက်ရှိ အလုပ်ရှင်အများစုမှ ကျခံပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားများရဲ့နေစရိတ်စားစရိတ်စတာတွေကိုရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင် ကျခံပေးရတော့မယ့် ဥပဒေကို ပြုလုပ်တော့မယ်လို့ သတင်းရရှိပါတယ်။
ဦးစွာ အစမ်းသပ်ကာလ၃လ ပြုလုပ်မှာဖြစ်ပြီး အဲဒီနောက် ရည်ရှည်ကျင့်သုံးသွားမယ်လို့ သိရပါ တယ်။
ဒါဟာ စက်တင်ဘာ၂၅ရက်နေ့ အီမြောင်ဘာ့က်သမ္မတဦးဆောင် ကျင်းပတဲ့ ၇ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ယှဉ်ပြိုင်မှု မြှင့်တင်ရေးကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရာတခု ဖြစ်ပါတယ်။
အစည်းအဝေးမှာ အလတ်စားနှင့် အသေးစားစက်မှုလုပ်ငန်းရှင်များက ကျခံပေးနေရမှုများကို ဖြေရှင်း ပေးရန်အတွက် ဒီလို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တာကြောင့် ဒါဟာ ရွှေ့ပြောင်းအလုပ်သမားများရဲ့ လစာကို လျော့ချပစ်မယ်ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ အဲဒီ ကော်မတီရဲ့ဆုံးဖြတ်ချက်အရဆိုရင် လုပ်ငန်းရှင်တွေ ကျခံပေးရတဲ့ လစဉ်နေထိုင်မှုစရိတ် ၀မ်တသိန်းနှင့် တသိန်းခွဲတို့ဟာ ရွှေ့ပြောင်းအလုပ်သမားများမှ ကျခံပေးရတော့မှာဖြစ်တာကြောင့် လက်ရှိအနိမ့်ဆုံးအခြေခံလစာကို ရရှိပြီး အလုပ်လုပ်ကိုင်နေ ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြီးမားသောကျခံမှုဖြစ်လာတော့မှာဖြစ်ပါတယ်။
သတင်း ၃ `အားလုံး´စာကြည့်တိုက်ဖွင့်ပွဲ
စက်တင်ဘာလ၂၉ရက်နေ့က အပြာရောင်ပြည်သူ့ပူးပေါင်းရေး အဖွဲ့ကဦးဆောင်ပြီး ယဉ်ကျေးမှုစုံကလေး သူငယ်များအတွက် “အားလုံး”လို့ အမည်ရတဲ့ စာကြည့်တိုက်ဖွင့်ပွဲကို ကျင်းပဖွင့်လှစ်ခဲ့ပါတယ်။ဒုန်ဒဲမွန်းမြို့မှာ တည်ထောင်လိုက်တဲ့ အဲဒီစာကြည့်တိုက်မှာဆိုရင်ယဉ် ကျေးမှုစုံကလေးသူငယ်များအတွက် မိမိတို့မိဘများရဲ့ မိခင်နိုင်ငံဆိုင်ရာ ယဉ်ကျေးမှုများအား လေ့လာနိုင်ပြီး ဒေသတွင်းပြည်သူများအတွက်မူ ယဉ်ကျေးမှုစုံနှင့်ပတ်သက်တဲ့ ဗဟုသုတ များကို ရရှိနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။
အဲဒီနေ့ စာကြည့်တိုက် ဖွင့်ပွဲမှာ တက်ရောက်ကြတဲ့ ဒေသတွင်းပြည်သူများဟာ အပြာရောင် ပြည်သူ့ပူး ပေါင်းရေးအဖွဲ့မှ တည်ခင်းဧည့်ခံတဲ့ ကိုရီးယားရိုးရာအစားအစာ “သောက်”ကို ခွဲဝေ သုံးဆောင်ခဲ့ကြပြီး စာကြည့်တိုက်ဖွင့်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
သတင်း ၄ MWTVရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန လှုပ်ရှားမှုများ
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTVဟာ ဒုတိယအကြိမ်မြောက် မီဒီယာအကယ်ဒမီသင်တန်းကို အောက်တိုဘာလ ၅ရက်နေ့မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။
အဆိုပါသင်တန်းမှာဗွီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း နှင့် MWTVအသံလွှင့်ဌာနဆိုင်ရာ ပရိုဂရမ်များ ထုတ်လွှင့်ခြင်းစတာတွေကို လေ့လာ သင်ယူနိုင်မှာဖြစ်ပြီးသင်တန်းသားများကို ဆက်လက် လက်ခံနေတာကြောင့် စိတ်ပါဝင်စားသူများ ဆက်သွယ်နိုင်ကြောင်းအသိ ပေးအပ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTVမှာ လုပ်အားပေးလုပ်ကိုင်လိုသူများကို အလိုရှိနေပါတယ်။
လုပ်ကိုင်ရမယ့် အလုပ်များကတော့ သတင်းကြေညာသူနှင့် ဘာသာပြန်ဆိုတဲ့အလုပ်များ ဖြစ်ပါတယ်။
အသေးစိတ်ကိုဖုန်း(010-7155-6581)မှတဆင့်ရယူနိုင်ပြီး စိတ်ပါဝင်စားသူများကို လှိုက်လှဲစွာ ကြိုဆိုနေကြောင်း အသိပေး အပ်ပါတယ်။
သတင်း ၅ `၀ီအာဂျာ´ဝေမျှခြင်းပွဲတော်
ဆိုးလ်မြို့ ဆန်အန်းမ်ဒုန် ကမ္ဘာ့ဖလားဘောလုံးကွင်းမြောက် ဘက်ကွင်းပြင်မှာ“ ၀ီ အာ ဂျာ ”ဆိုတဲ့ ဝေမျှခြင်းပွဲတော်ကို အောက်တိုဘာလ၁၂ရက်နေ့ တနင်္ဂနွေနေ့မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။အဲဒီ “၀ီ အာ ဂျာ” ဆိုတာကတော့ “၀ီ”( We Start)၊ “အာ” (လှပသောဆိုင်)၊ “ဂျာ ”(လုပ်အားပေးသူများ)ဆိုတဲ့ အမည်များရဲ့ ထိပ်စာလုံးများကို ပေါင်းစပ် အမည်တပ်ထားတာဖြစ်ပါတယ်။
၎ကြိမ်မြောက် ကျင်းပခြင်းဖြစ်တဲ့ အဲဒီ “၀ီအာဂျာ ဝေမျှခြင်းပွဲတော်”မှာ ပြန်လည် အသုံးပြုနိုင်တဲ့ ပစ္စည်းများ နှင့်ဝေမျှခြင်းရဲ့ ယဉ်ကျေးမှုသဘောတရားကို ဦးတည်ပြီးပစ္စည်းဟောင်းများ အချင်းချင်း လဲလှယ်ရန်စီစဉ်ထားပါတယ်။အဆိုပါပွဲမှာ ရွှေ့ပြောင်းအ လုပ်သမားများနှင့် ရွှေ့ပြောင်းသူအိမ်ထောင်သည်တို့ ပူးပေါင်းပါဝင်နိုင်အောင် စီစဉ်ထားပြီး လှပသောဆိုင်အဖွဲ့နှင့် we start အဖွဲ့တို့ကဦးဆောင် စီစဉ်ထား ကြတာဖြစ်ပါတယ်။
No comments:
Post a Comment