စက်တင်ဘာလ ၂၆ရက်နေ့ ညနေ ၅နာရီ ကိုသာစိုးအေးသည် အလုပ်လုပ်ကိုင်ရာ ဖိုချွန်းရှိ စက်ရုံဝန်းတွင် လ၀က၏ ၀င်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ လာရောက်ဖမ်းဆီးသည့် လ၀က၀န်ထမ်းများသည် အင်ချွန်းလေဆိပ်မှဖြစ်ပြီး တိုင်ကြားသူရှိသဖြင့် ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။
ကှိသာစိုးအေးသည် မိမိအား လ၀ကမှ လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့်အခါတွင် အသက်ရှူကြပ်ပြီး အမောဖောက်လာသည်။ ထို့ကြောင့် လ၀ကမှ နီးစပ်ရာ ဖိုချွန်းရှိ အူးရီးဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသ ခံယူစေခဲ့သည်။ အူးရီးဆေးရုံမှ ဆေးစစ်ပေးပြီး ထူးခြားသည့်ရောဂါ မရှိဟုဆိုသဖြင့် လ၀ကမှ ကိုသာစိုးအေးအား အားဆေးသွင်းပြီးနောက် လ၀ကအချုပ်ခန်းသို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။
အူးရီးဆေးရုံမှ ပြန်လည်ခေါ်ဆောင်သွားပြီး လ၀ကအချုပ်ခန်းသို့ ညနေ၉နာရီတွင် ရောက်ရှိခဲ့သည်။
အချုပ်ခန်းတွင် အထိမ်းသိမ်းခံထားရသော မြန်မာတယောက်ရှိသဖြင့် ကိုသာစိုးအေးက ထိုသူအား မိမိနေမကောင်းကြောင်း ပြောပြခဲ့သည်။ ထို့နောက် အမောဖောက်လာသဖြင့် ထိုသူမှ လ၀က ၀န်ထမ်းများထံ ဆေးတောင်းခဲ့သည်။ လ၀က၀န်ထမ်းများက ဆေးမရှိကြောင်း၊ မိုးချုပ်ပြီဖြစ်သဖြင့် မနက်မှ ဆေးရုံပို့ပေးမည်ဟု ပြောဆိုခဲ့သည်။ ဆေးရုံသွားမည်ဆိုရင် ငွေအများကြီး ကုန်မည်ဖြစ်သဖြင့် ငွေရှိလားဟု မေးသည်။ ကိုသာစိုးအေးမှ ငွေတတ်နိုင်သည် ပို့ပေးပါရန် ပြောဆိုခဲ့သည်ဟု အတူနေသူ မြန်မာမှ ပြန်လည်ပြောပြခဲ့သော်လည်း လ၀က,ကမူ ကိုသာစိုးအေးသည် ငွေမတတ်နိုင်သဖြင့် ဆေးရုံမသွားလိုကြောင်း ပြောဆိုခဲ့သည်ဟု ပြန်လည် ပြောပြခဲ့သည်။
သို့သော် ယင်းနေ့ည၁၁နာရီတွင် လ၀က၀န်ထမ်းများသည် ကိုသာစိုးအေးအား အင်ချွန်းလေဆိပ်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ လေဆိပ်တွင်းဆေးရုံသည် ကိုသာစိုးအေး၏ ရောဂါအခြေအနေအရင်းအမြစ်ကို မစမ်းသပ်နိုင်ဖြစ်ပြီး ခွဲစိပ်ရမည့်အနေအထားဖြစ်သဖြင့် အင်နာတက္ကသိုလ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပြီး မနက်၁နာရီတွင် ခွဲစိပ်ကုသခြင်းကို ပြုလုပ်ခဲ့သည်။
သို့သော် ခွဲစိပ်ပြီးချိန် မနက်၎နာရီ၄၁မိနစ်တွင် ကိုသာစိုးအေးသည် နှလုံးသွေးကြောပိတ်ရောဂါဖြင့် ဘ၀တပါးသို့ ပြောင်းသွားခဲ့သည်။
လ၀ကမှ မြန်မာသံရုံးသို့ ဆက်သွယ်သဖြင့် ကောင်စစ်ဝန်ဦးရဲလွင်လာရောက်ပြီး မြန်မာနိုင်ငံသား မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပေးခဲ့သည်။
စက်တင်ဘာ၂၉ရက်နေ့ မနက်၁၀နာရီတွင် ကိုသာစိုးအေးခန္ဓာကိုယ်အား ခွဲစိပ်စစ်ဆေးကြရာ လ၀က၀န်ထမ်း၂ဦး၊ ရဲစုံထောက်၂ဦးနှင့် သံရုံးကောင်စစ်ဝန်တို့ လာရောက်ကြည့်ရှုစစ်ဆေးကြသည်။
ကိုယ်ခန္ဓာတွင် ထိုးကြိတ်ရိုက်နှက်ခြင်းခံရသည့် ဒဏ်ရာတစုံတရာမရှိဟု သိရှိရသည်။ သို့သော် တိကျသည့် အဖြေတော့ ယခုအချိန်အထိ မထွက်သေးချေ။
သံရုံးမှ မြန်မာပြည်ရှိ ကျန်ရစ်သူမိသားစုထံ ကိုသာစိုးအေးအား သဂြိုဟ်ခွင့်ပေးသည့်ခွင့်ပြုလွှာအားတောင်းခံခဲ့သည်။
သို့သော် ကျန်ရစ်သူမိသားစုအနေဖြင့် ကိုသာစိုးအေးသေဆုံးခဲ့ရသည့် အကြောင်းအရာများ၊ ဆေးမှတ်တမ်း များဆိုင်ရာများနှင့် ပတ်သက်သည့် အချက်အလက်အသေးစိတ်အား မသိရှိရသေးခင် သဂြိုဟ်ခြင်း မပြုလိုသဖြင့် ကိုရီးယားနိုင်ငံတွင်း ကျန်ရစ်သူ ယောက်ဖဖြစ်သူ ကိုတင်မောင်ဆွေအား လုပ်ပိုင့်ခွင့်အ၀၀ကို ပေးသည့် ကိုယ်စားလှယ်လွှဲစာအား ပေးပို့ပေးခဲ့သည်။ ကိုတင်မောင်ဆွေသည် မြန်မာအဖွဲ့အစည်းများနှင့် ကိုရီးယားအဖွဲ့အစည်းများ၏ အကူအညီဖြင့် အဖြစ်မှန်အား သိရှိနိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။ လ၀ကအနေဖြင့်မူ ကိုယ်စားလှယ်လွှဲစာသည် အစစ်အမှန်ဖြစ်ကြောင်းအသိအမှတ်ပြုနိုင်ရန်အတွက် သံရုံးမှ ဦးရဲလွင်၏ ထောက်ခံလက်မှတ်အား ရယူခိုင်းထားသည်။ ယခုအချိန်တွင် လ၀ကမှ ထွက်ဆိုချက်များ၊ အချုပ်ခန်းတွင်းရှိ မြန်မာ၊ အိန္ဒီးယားနိုင်ငံသားများ၏ထွက်ဆိုချက်များ၊ဆေးစစ်ချက်မှတ်တမ်းများ စသည်တို့အား ကျွမ်းကျင်သည့် ဆေးပညာရှင်များ၊ ဥပဒေပညာရှင်များ အကူအညီဖြင့် အဖြစ်မှန် ပေါ်ပေါက်ရန် ကြိုးပမ်းလျှက်ရှိသည်။ လ၀ကအနေဖြင့်မူ ကိုသာစိုးအေးအမှုအား ကိုရီးယားအမျိုးသားစုံစမ်းစစ်ဆေးရေးဌာနလက်အပ်ထားသည်။
Friday, October 3, 2008
လ၀ကမှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသောကိုသာစိုးအေး နှလုံးရောဂါဖြင့် သေဆုံးခြင်းနှင့် ပတ်သက်သည့်အခြေအနေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment