Friday, January 16, 2009

သွေးအလှူဒါနပြုမည့်သူများအတွက်

အာရှဆေးဝါးဖွံ့ဖြိုးရေးနှင့် အမိမြန်မာပြည်အရေးအတွက် စိတ်အားထက်သန်စွာ ဆက်သွယ်လာကြသော မျိုးချစ်မြန်မာညီအကို
မောင်နှမအပေါင်းတို့အား ဦးစွာ အထူးလေးစားဂုဏ်ယူမိ ကျေးဇူးတင်မိပါတယ်။
သွေးလှူသည့်အခါ မိမိသွေးအား သုတေသနလုပ်ငန်းအတွက် ရက်ရက်ရောရော လှူဒါန်းပါကြောင်း စာရွက်အား လက်မှတ်ထိုး ပေးခြင်း၊ မိမိနှင့် မိမိမိသားစုဝင်တွင် စွဲကပ်နေသော ရောဂါအမျိုးအစားကို ဖော်ပြပေးခြင်းကို ပြုလုပ်ပေးရန် လိုအပ်ပါသည်။
သုတေသနဌာနအနေနှင့် သင့်သွေးကို စစ်ဆေးပြီး အခြေအနေအား ထုတ်ဖော်ပြောကြားခြင်းစသည် နောက်ဆက်တွဲ ကိစ္စများ ကို ဆက်လက်ဖော်ထုတ်ခြင်း ရှိမည်မဟုတ်ပေ။
ဇန်န၀ါရီလ ၁၈ရက်နေ့ နေ့လယ် ၂နာရီခွဲမှ ညနေ၄နာရီအထိ ပြုလုပ်မည့် သွေးလှူဒါန်းပွဲ ကျင်းပမည့်
ဘားမားအက်ရှင်ရုံးခန်းတည်ရှိရာအား နောက်ဆက်တွဲတွင် ကြည့်ရှုနိုင်ပါကြောင်း။


No comments: