Monday, May 18, 2009

မြန်မာတဦး လုပ်ငန်းခွင် ထိခိုက်မှုကြောင့် သေဆုံး


တောင်ကိုရီးယားနိုင်ငံ၊ ဂူမီးမြို့( 구미, 유성 자원 ) မှ မြန်မာ အလုပ်သမား ကိုအောင်ကျော်သူ သည် ၂၃-၃-၂၀၀၉ ရက်နေ့ နံနက်ပိုင်းက စက္ကူအမှိုက်သိမ်း စက်ရုံ လုပ်ငန်းခွင်အတွင်း စက်ညပ်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။
ဒေဂူးမြို့ CATALIC University Hospital တွင် အတွင်းလူနာအဖြစ် ကုသနေရာမှ ၁၈-၅-၂၀၀၉ ရက်၊တနင်္လာနေ့ နံနက် ၅ နာရီ ၅၀ မိနစ်ခန့်တွင် ဘဝတပါးသို့ ကူးပြောင်းသွားပါသည်။
၎င်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ် ကို ၂၄-၅-၂၀၀၉ ရက်၊ တနင်္ဂနွေနေ့တွင် ဖော်ပြပါဆေးရုံမှ ဒေဂူးမြို့ရှိ သုသာန်တွင် သဂြိင်္ုဟ်မည်ဖြစ်ပါ၍ သူငယ်ချင်းမိတ်ဆွေများ အားလုံး အသုဘရှု လိုက်ပါနိုင်ရန် ဖိတ်ကြားအပ်ပါသည်။
(အချိန်ကိုထပ်မံ ကြေငြာပါမည်)
စုံစမ်းရန်....ရွှေကမ္ဘာ မြန်မာစတိုး (ဒေဂူးမြို့)၊ ဖုန်း-010.4717.5299
ကိုရွှန်းဝင့်နွယ်၊ ဖုန်း-010.5132.5299
(ကိုဝင်းလတ် ဘလော့မှ ကူးယူ၍ ထပ်ဆင့်ဖော်ပြပါသည်။)

5 comments:

win latt said...

သေဆုံးတဲ့အချိန်က နံနက် ၃း၅၀ နာရီပါတဲ့။
စက်ရုံက သဂြိုဟ်မဲ့အစီအစဉ်အတိအကျမရရှိသေးပါ။

ဇေဇော် said...

သူငယ်ချင်းရေ... ၃ နှစ်ပြည့်ခါနီးမှာမှ ဆုံးပါးသွားရတယ်လို့ကွာ...။ မင်းရဲ့ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းရပါတယ်...။ ဒီကွန့်မန့်လေးနဲ့ အတူတူလာခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံးကိုယ်စား ၀မ်းနည်းကြောင်း ပြောပါရစေ...။ မင်းနဲ့ ဆုံမှပဲ ပြောမယ်လို့ ထားလိုက်တဲ့ စကားတစ်ခွန်းတော့ ဒီမှာပဲ ပြောပါရစေတော့...။

“မင်း ငါ့အပေါ် ဘာတွေလုပ်ခဲ့ လုပ်ခဲ့...၊ မင်းကို ငါ နားလည် ခွင့်လွှတ်ပါတယ်...”။

“မတတ်သာလို့ အားလုံးကိုယ်စား တာဝန်ယူခဲ့ရတဲ့ ငါ့ကိုလည်း မင်းနားလည်ပေးပါကွာ...၊ မင်းကို ကျန်းကျန်းမာမာ ပြန်ခေါ်ပေးမသွားနိုင်တဲ့ ငါ့ကို မင်း ခွင့်လွှတ်ပေးပါ...”။

သူငယ်ချင်း ကောင်းရာသုဂတိ လားပါစေ...။

အမျှ... အမျှ... အမျှ...

စိုးမိုးသူ said...

အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့် တိုင်းပြည်လို့ ခံယူပြီး လာရောက်ခဲ့ပေမယ့် သေမင်းရဲ့တိုင်းပြည်ဖြစ်သွားရရှာတာ တကယ့်ကို စိတ် မကောင်းပါဘူး။
ကောင်းရာသုဂတိလားပါစေ...

အောင်ခိုင်(မန်း) said...

နှမြောစရာကောင်းလိုက်တာ။
အရွယ်ကောင်းလေးမှာ မှ ဆုံးပါးသွားရတယ်လို ဗျာ။
(ကိုအောင်ကျော်သူ)ရဲ့မိသားစုနဲ့ ထပ်တူထပ်မျှ ယူကြုံးမရ ဖြစ်ရပါတယ်။နောင်ဘ၀ဆက်တိုင်း ယခုလို အဖြစ်ဆိုးနဲ့ကင်းဝေးပါစေလို့ ဘုရားမှာဆုတောင်းပေးလိုက်ပါတယ်။

ကောင်းရာသုဂတိလားပါစေ...။

Unknown said...

သေမင်းကတကယ်ပဲအကောင်းကြိုက်တတ်ပါသလား??

အောင်ကျော်သူ...နင်ဟာငါ့ရဲ့ထာရသူငယ်ချင်းကောင်း
တယောက်အဖြစ်ငါနင့်ကိုအမြဲအမှတ်ရနေမှာပါ။

နင်ဖြစ်ချင်တာတွေမဖြစ်သေးပဲ နင်အစောကြီးနှုတ်ထွက်သွားတယ်။
နောက်ဆုံးတော့ အရာရာဟာ
နင်နဲ့ ငါအမြဲပြောနေကြစကားအတိုင်းပဲ "all r nothing" ပေါ့ဟာ..

ဒါပေမယ့်
နင်အစစအရာရာ
တာဝန်ကျေပွန်ခဲ့ပါတယ်။
နင်ဟာသားကောင်းတယောက်၊
မိသားစုဝင်ကောင်းတယောက်၊
မိတ်ဆွေကောင်းတယောက်အဖြစ်အားလုံးကပြောနေကြမှာပါ၊