Friday, October 22, 2010

ဓမ္မဒူတ(ကိုရီးယား) စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပမည်

အောက်တိုဘာ ၁၁ ၊ ဆောအူးလ်မြို့။

ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား)( Dhammaduta Buddhist Association - Korea ) အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကို မောင်နှမများနှင့် အတူ ၊ ၁၃၇၂ ခုနှစ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်တောမူကြပါရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည် -

ရက်စွဲ-
၁၃၇၂ခုနှစ် ၊ သီတင်းကျွတ် လပြည့်ကျော် ၁ ရက် ၊ တနင်္ဂနွေနေ့
( ၂ဝ၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက် )
နေရာ -
ဓမ္မဒူတသိမ်တော် ခမ်းမ
အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း ။
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း ။
- ၁၃း၁၅ ခေတ္တအနားယူခြင်း ။
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း ။
- ၁၃း၃၅ ကထိန်သင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊ အလှူတော်အစုစု ရေစက်ချ အမျှအတန်းပေးဝေခြင်း ။
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း ။

စုပေါင်းမဟာဘုံကထိန်ပွဲတော်သို့ ၊ ကိုရီးယားနိုင်ငံတစ်လွှားမှ ထေရဝါဒသံဃာတော်အရှင်သူမြတ်များနှင့် ၊ ကိုရီးယားဘုန်းတော်ကြီးများပါ ကြွရောက်ချီးမြှင့်တော်မူကြမည်ဖြစ်ပြီး ၊ ကထိန် အနုမောဒနာ တရားတော်ကို ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်နန္ဒက က ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည်။ ပါရမီရှင်များအနေဖြင့် ကထိန် သင်္ကန်းနှင့်တကွ အလှူဝတ္ထုပစ္စည်းများကို အောက်ပါအတိုင်း လှူဒါန်းနိုင်ကြရန် စီစဉ်ထားရှိပါသည် -










အလှူတော်နေ့တွင် ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား)နှင့် ကလျာဏမိတ်ဆွေများက ၊ မြတ်စွာဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များကို အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း ကပ်လှူပူဇော်ကြမည်ဖြစ်ပါသည် ။



2 comments:

ကိုလူချစ်(ကိုရီးယား) said...

သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းနဲ့ မှားနေတယ်ဗျ

မောင်ဘမောင်(ဘုန်းစိုး) said...

ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက် နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းနိုင်ပါသည်။