သံဃာ့ပ၀ါရဏာပွဲနှင့် သံဃာ့ပူဇာပွဲ ကျင်းပမည်
ကိုရီးယားနိုင်ငံရောက် ထေရ၀ါဒ မြန်မာရဟန်းတော်များ၏ ဦးဆောင်မှု၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ကျောင်းအကျိုးဆောင်အဖွဲ့၏ ပံ့ပိုးမှုဖြင့် ဆင်ယင်ကျင်းပမည့် ကိုရီးယားနိုင်ငံရှိ နေရာဒေသ အသီးသီးတွင် ၀ါဆိုဝါကပ်ပြုတော် မူနေကြသည့် ထေရ၀ါဒ မြန်မာရဟန်းတော်များနှင့် ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ရဟန်းတော်များ၏ စုပေါင်းသံဃာ့ ပ၀ါရဏာပွဲနှင့် ပ၀ါရဏာပွဲသို့ ကြွရောက်တော်မူကြမည့် သံဃာတော်များအား ဖူးမျှော်ကြည်ညို ကုသိုလ်တော်ယူကာ ပူဇော်ကြမည့် ကိုရီးယားရောက် မြန်မာဒကာဒကာမများ၏ သံဃာပူဇာပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် သံဃာတော်အများအား တစ်နေရာတည်းတွင် တစ်ပြိုင်တည်းဖူးမျှော်ခွင့်လည်းရ ဆုံးမသြ၀ါဒလည်း နားကြားခွင့်ရမည့် ပထမဆုံးအကြိမ် သံဃာ့ပ၀ါရဏာပွဲနှင့် သံဃာပူဇာပွဲသို့ အတူတကွ ပါဝင်၍ ကုသိုလ်ယူနိုင်ကြစေရန် ရပ်နီးရပ်ဝေးရှိ မြန်မာရွှေညီအစ်ကို မောင်နှမများအား လေးစားစွာဖြင့် အသိပေး ဖိတ်ကြားအပ်ပါသည်။
နေ့ရက် = ၁၃၇၂ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (၂၃-၁၀-၂၀၁၀၊ စနေနေ့)
ပ၀ါရဏာပွဲအချိန်နှင့် ပူဇာပွဲအချိန် = ည ၉နာရီမှ ၁၀နာရီခွဲအထိ
နေရာ = မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၊ ဘူဖြောင်း၊ အင်ချောန်း
မှတ်ချက်။ ။ ပ၀ါရဏာပွဲသို့ ကြွရောက်တော်မူလာကြသည့် သံဃာတော်များအား နောက်နေ့ (၂၄-၁၀-၂၀၁၀)နံနက်၊ အရုဏ်ဆွမ်းအလှူတော်ကို ကိုမျိုးသက်ခိုင်နှင့် သူငယ်ချင်းများက ဆက်ကပ်လှူဒါန်းကြမည် ဖြစ်ပါသည်။
Tuesday, October 19, 2010
သံဃာ့ပဝါရဏာပွဲ နှင့် သံဃာ့ပူဇာပွဲ ဖိတ်ကြားလွှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment