လွန်ခဲ့သော အောက်တိုဘာ ၂၄ ရက် တနင်္ဂနွေနေ့က ၊ ဓမ္မဒူတကျောင်းတော်(ကိုရီးယား) တည်ရှိရာ အင်ချောန်းမြို့တော် ၊ ဘူဖြောင်းမြို့တွင် ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား)( Dhammaduta Buddhist Association - Korea ) ကကြီးမှူး၍ ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကို မောင်နှမများနှင့် အတူ ၊ ၁၃၇၂ ခုနှစ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကျင်းပခဲ့ရာ ၊ ကိုရီးယားနိုင်ငံတလွှားမှ ထေရဝါဒ သံဃာတော် အရှင်သူမြတ် ၈ ပါးတို့ ကြွရောက်ချီးမြောက်တော်မူကြပြီး ၊ ဝိနည်းတော်နှင့်အညီ ကထိနမင်္ဂလာကို ခင်းကျင်းတော်မူခဲ့ကြကြောင်း ၊ သံဃာတော်များ ကထိနမင်္ဂလာပြုနိုင်ရန်အလို့ငှာ ၊ လိုအပ်သည့် ကထိန်လျာသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းတို့ကို ကြွရောက်တော်မူလာကြသည့် ကထိန်ဒါယကာ ဒါယိကာမအပေါင်းတို့က စုပေါင်းလှူဒါန်းခဲ့ကြကြောင်း ၊ ၄င်းနေ့ လှူဖွယ်ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ ဝမ် ၃ သန်း ၄သိန်း ၁သောင်း ၅ထောင်ဖြစ်ကြောင်း ၊ အလှူရှင်များ စာရင်းကို (ဤနေရာတွင်) ကြည့်ရှူပြီး သဒ္ဓါတရား ပွါးများနိုင်ကြကြောင်း သိရသည် ။
No comments:
Post a Comment