အန်ဆန်း နိုင်ငံခြားသား အလုပ်သမားစင်တာတွင် မြန်မာနိုင်ငံသားများ၏ အလုပ်သမားရေး ကိစ္စများအား ကူညီဖြေရှင်းပေးရန် စကားပြန်အဖြစ် အလုပ်လုပ်ကိုင်နေသူ ကရင်တိုင်းရင်းသူ နော်ပိုးပိုး ကျောက်ကပ်ခွဲစိတ် ကုသရာတွင် စိတ်အား၊လူအား၊ငွေအားတို့ဖြင့် အဖက်ဖက်မှ မေတ္တာဖြင့် ဝိုင်းဝန်း ကူညီကြသူ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမ အားလုံးတို့အား အထူးကျေးဇူး တင်ရှိပါသည်။ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမ အားလုံးတို့၏ မေတ္တာဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသ ပြီးစီးသွားပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပါသည်။ အဖက်ဖက်မှ ဝိုင်းဝန်း ကူညီကြသူ ညီအစ်ကို မောင်နှမ အားလုံးအား ကျေးဇူးအထူး တင်ရှိပါသည်။
ကိုလွင်အောင်+နော်ပိုးပိုး
Wednesday, October 6, 2010
ကျေးဇူးတင်လွှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment