Thursday, October 14, 2010

In-joy Asia, Incheon Migrants Athletic Festival ကျင်းပမည်

ပျော်စရာ အာရှ ၊ အင်ချောန်း ရွှေ့ပြောင်းသူများ ပြေးခုန်ပစ် အားကစားပွဲတော် (In-joy Asia, Incheon Migrants Athletic Festival) ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ၊ ပါဝင်ယှဉ်ပြိုင် /တက်ရောက် အားပေးတော်မူကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားသည် -
ရက်စွဲ ။ ၂၀၁၀ပြည့်နှစ် အေက်တိုဘာလ ၁၇ ရက် (တနင်္ဂနွေနေ့)
အချိန် ။ နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ။
နေရာ ။ အင်ချောန်း နမ်ဒုံစက်မှုဇုံ ၊ ဂုလင် အားကစားဥယျာဉ် (남동공단 근린공원) ။
အားကစားပြိုင်ပွဲများ-
ဘောလုံး ၊ ဘတ်စကက်ဘော ၊ ဘော်လီဘော ၊ ခရစ်ကက် ၊ လက်ကမ်းပြေး စသည်များ ။
ပြပွဲ ပြိုင်ပွဲ နှင့် အထူးအစီအစဉ်များ -
သီချင်းဆိုခြင်း စသည့် စွမ်းရည်ပြိုင်ပွဲများ ၊ ပဟေဠိ အဖြေညှိ ၊ အာရှအစားအစာ ၊ အခမဲ့ဆေးဝါးကုသမှုအစီအစဉ်များ ။
ချီးမြှင့်မည့် ဆုများ -
လူတိုင်းအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ၊ အားကစားတိုင်းအတွက် ဆုတံဆိပ်များ ၊ ဆုငွေများ ချီးမြှင့်ပါမည် ။
မှတ်ချက် -
- နေ့လည်စာ အခမဲ့ ဆုံးဆောင်နိုင်ပါမည် ။
- ပွဲတော်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီထိ ၊ ရှင်ယောန်ဆု ဘူတာ (신연수 지하철역) ထွက်ပေါက် အမှတ်-၂ မှ အားကစားကွင်းထိ ကြိုပို့ကားများရှိပါမည် ။
- မြန်မာကိုယ်စားပြု ဘောလုံးအသင်း တစ်သင်း ပါဝင်ယှဉ်ပြိုင်ပါမည် ။ အခြားအားကစားနည်းများ မရှိသေးပါ ။ ဘော်လီဘော ၊ ဘတ်စကက်ဘော ၊ ခရစ်ကက် ၊ လက်ကမ်းပြေး ၊ သီချင်းဆို ကဏ္ဍများ၌ မြန်မာ့ဂုဏ်သရေဆောင် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လိုသူများ 010-2331-2457 ထံ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ကြပါသည် ။


No comments: