Monday, January 17, 2011

အမေနေ့ ကဗျာရွတ်ပွဲ ကျေးဇူးတင်မှတ်တမ်း

၂၀၁၁ ဇန်န၀ါရီ ၁၆ ရက်နေ့ ညနေက ပြုလုပ်ခဲ့သော အမေနေ့ ကဗျာရွတ်ပွဲတွင် ကိုယ်တိုင်ရေး ကိုယ်တိုင်ရွတ် ကဗျာရှင်များ ဖြစ်သည့် ရန်နိုင်ထွန်း (လွတ်မြောက်နယ်မြေ), ကျော်စွာလင်း (ရိုးမ), ကိုဝိုင်း (မိုးညင်း), ညီဇေ, ငြိမ်းမောင်သန်း, မျိုးသန့်ဇော်, စိုးမိုးသူ တို့အားလည်းကောင်း၊ မိမိတို့ နှစ်သက်မြတ်နိုးသည့် ကဗျာကို ရွတ်ဆိုခဲ့ကြသည့် ဦးသောင်းထွန်း, စောလှိုင်မျိုးသိန်း, ကိုဘိုဘို, ကိုစိန်သန်း, ကိုဇော်မိုးအောင် တို့အားလည်းကောင်း၊ နားဆင်အားပေးကြသည့် မတိုးလှိုင်ဦး, ဦးခင်မောင်ရင်, ကိုကျော်ကြီး, ကိုသက်ထွန်း, ကိုနေမျိုးထွန်း တို့အားလည်းကောင်း၊ နေရာနှင့် ညစာကို စီစဉ်ပေးသည့် စကားဝါ စားသောက်ဆိုင် မိသားစု အားလည်းကောင်း၊ အခြားဝိုင်းများမှ နေ၍ နားလည်မှုရှိစွာ နားဆင်အားပေးခဲ့ကြသည့် ပရိသတ်များ အားလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်သည်။

ထို့အပြင် ယခုနှစ်အတွင်း “စာပေပွဲ”တခု ဖြစ်မြောက်အောင် ဆောင်ရွက်ရန် ကြွရောက်လာသူများ တညီတညွတ်တည်း ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ပြီး၊ မကြာမီ ကော်မတီတရပ် ဖွဲ့စည်း၍ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ထိုပွဲတွင် ရွတ်ဆိုခဲ့ကြသည့် ကဗျာများကို ဟန်းဂုရွာတွင် အသံဖိုင်နှင့်တကွ တပုဒ်ချင်း တင်ဆက်သွားပါမည်။

ဝင်းပေါ်မောင်
စီစဉ်သူ



ဓာတ်ပုံ — ဇော်မိုးအောင်

No comments: