Friday, January 7, 2011

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

ဒုတိယအကြိမ်မြောက် ဂျယ်ဂျူကျွန်း လေ့လာရေးခရီး




ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ ညီအစ်ကိုများအနေဖြင့် လာမည့် ၂ လပိုင်း နှစ်သစ်ကူးပွဲတော် ပိတ်ရက်ရှည်အတွင်း ကိုရီးယားကျွန်းဆွယ် တောင်ဘက်ပိုင်းရှိ ဂျယ်ဂျူကျွန်းသို့ အပျော်စီးခရီးသွားသင်္ဘောဖြင့် ဈေးနှုန်းသက်သာစွာ သွားရောက်လည်ပတ်လေ့လာနိုင်ကြမည် ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အား ပူချွန်း နိုင်ငံခြားသား အလုပ်သမားရိပ်သာ (Bucheon Migrant Worker's House) မှ စီစဉ်ပေးခြင်း ဖြစ်ပါသည်။ လေ့လာရေးအပျော်ခရီးလိုက်ပါလိုသူများအနေဖြင့် ခရီးစဉ် ကုန်ကျစရိတ် ၂၀၀၀၀၀ ၀မ် (တည်းခို၊ စားသောက် အပြီး) ပေးသွင်းရမှာဖြစ်ပြီး အလုပ်သမား ဗီဇာရှိဖို့ လိုအပ်ပါသည်။



ခရီးထွက်ခွာမည့် အစီအစဉ်မှာ ၂၊ ၂၊ ၂၀၁၁ ညနေ ၄း၃၀ အချိန်တွင် ဘူချွန်း မြန်မာအသင်းရုံးခန်းတွင် စုရပ်အဖြစ်စတင်ထွက်ခွာပါမည်။ အင်ချွန်းသဘောင်္ဆိပ်မှ ညအချိန်တွင် အပျော်စီးခရီးသွားသဘောင်္ဖြင့် စီးနင်းလိုက်ပါသွားရမည်ဖြစ်ပြီး သဘောင်္ပေါ်ရှိ ပျော်ပွဲရွှင်ပွဲများ မီးပန်းပဒေသာ အလှတို့ကို ကြည့်ရှုခံစားပြီး ၂ လပိုင်း ၃ ရက်နေ့တွင် ဂျယ်ဂျူကျွန်းသို့ရောက်ရှိကာ ၃ ရက်နေ့၊ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ဂျယ်ဂျူကျွန်းရှိ ထင်ရှားသော နေရာများသို့ သွားရောက်ပြီး ၅ ရက်နေ့ ညနေပိုင်းအချိန်တွင် ဂျယ်ဂျူကျွန်းမှ သဘောင်္ဖြင့် Incheon သဘောင်္ဆိပ်သို့ ပြန်လည်ထွက်ခွာကာ ၆ ရက်နေ့ နံနက်ပိုင်းတွင် ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။



ခရီးစဉ်အတွင်း လိုက်ပါမည့်သူများအား ဘူချွန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာမှ သင့်တင့်သော အစားအသောက် အစီအစဉ်များလည်း စီစဉ်ပေးသွားမှာ ဖြစ်ပါသည်။



စိတ်ဝင်စား လိုက်ပါလိုသူများသည် ဘူချွန်းမြို့ နိုင်ငံခြားသား အလုပ်သမားရိပ်သာရှိ မြန်မာအသင်း(ကိုရီးယား) ရုံးခန်းတွင် ၂၂၊ ၁၊ ၂၀၁၁ ရက်နေ့အား နောက်ဆုံးထား စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။ (လူဦးရေ အရေအတွက် ကန့်သတ်ထားပါသည်။)

ခရီးစားရိတ်ပေးသွင်းရမည့် ဘဏ်မှာ KB Bank ဖြစ်ပြီး
ဘဏ်အကောင့်နံပါတ်မှာ - ၅၅၃၃၀၁-၀၄-၀၅၄၃၅၉
နာမည်မှာ - Khin Maung Yin
ဖြစ်ပါသည်။


ဘူချွန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Bucheon Migrant Worker's House)
မြန်မာအသင်း (ကိုရီးယား) ရုံးခန်း
1093-1 Jung-Dong, Wonmi-Ku, Buchon City
Tel: 032-654-0664
Fax: 032-668-0077

အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက -

ဦးဝင်းမြင့်ဦး - - - ၀၁၁ ၂၉၂၉ ၅၄၂
ဦးခင်မောင်ရင် - - - ၀၁၁ ၉၃၈၆ ၇၁၅၃
ဦးသန့်ဇင်အောင် - - - ၀၁၀ ၉၀၅၄ ၄၇၂၇

No comments: